Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေး မှာ ဗကသ ကျောင်းသား နှစ်ဦးနဲ့ CDM ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးချိန် လမ်းမပေါ်ကနေ ဖုန်းနဲ့ ဗီဒီယို ရိုက်သူကို သေနတ်နဲ့ပစ်သတ်၊သေနတ်ဝင်လုလို့ ကျည်ထွက်သွားတာလို့ စစ်ကောင်စီသတင်းဖြန့်ထား

မန္တလေးပညာရေးဒီဂရီကောလိပ် ဗကသ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နဲ့ စဉ့်ကိုင် မကွေးတရာကျေးရွာ မူလွန်ကျောင်းဆရာ တစ်ဦး တို့ ရောက်နေတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။

People's Spring
People's Spring

မန္တလေးမြို့ ၊အမရပူရမြို့နယ် မှန်တန်းရပ်မှာ ဗကသ ကျောင်းသား နှစ်ဦးနဲ့ CDM ဆရာတစ်ဦး ဖမ်းဆီးခံရချိန်မှာ ဗီဒီယို ရိုက်တဲ့အမျိုးသား ဟာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်ဟာ မတ်လ ၂ ရက် ညနေ ၄ နာရီလောက်က ဖြစ်ခဲ့တာပါ။

မန္တလေးပညာရေးဒီဂရီကောလိပ် ဗကသ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူး နဲ့ စဉ့်ကိုင် မကွေးတရာကျေးရွာ မူလွန်ကျောင်းဆရာ တစ်ဦး တို့ ရောက်နေတဲ့ နေအိမ်တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပါတယ်။

ဒီလို ဖမ်းဆီးတာကို လမ်းမပေါ်ကနေ အမျိုးသားတစ်ဦးဟာ ဖုန်းနဲ့ ဗီဒီယို ရိုက်ကူးတယ်ဆိုကာ စစ်ကောင်စတပ်တွေက ပစ်ခတ်တာကြောင့်နေရာမှာတင်သေဆုံးသွားတယ်လို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံတွေဆီက တဆင့်သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်ကတော့ အဲဒီအမျိုးသားဟာ သေနတ်ဝင်လုလို့ ကျည်ထွက်ပြီး သေသွားတာလို့ သတင်းဖြန့်ထားပါတယ်။

ဒါအပြင် ရဲတစ်ဦးလည်း လက်ကိုသေနတ်မှန်သွားတယ်လို့ဆိုပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။