Connect with us

Hi, what are you looking for?

News

ပူတာအိုတွင် KIA၊ PDF သိမ်းထားသည့် တပ်စခန်းနေရာကို စစ်ကောင်စီလာတိုက်ခိုက်၍ တိုက်ပွဲဖြစ်

KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဆွန်ပီယန်တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

(ပူတာအိုရှိ ဆွန်ပီယန်တပ်စခန်းအား KIA၊ PDFတို့ သိမ်းပိုက်ပြီး​နောက် ​တွေ့ရစဥ်)

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွန်ပီယန်ဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီမနက် ၉နာရီလောက်ကနေ ၁၁နာရီအထိလောက် ပူတာအိုမြို့နယ်ဆွန်ပီယန်မှာဖြစ်တာ။ဖြစ်တော့အိမ်က ၃အိမ်လောက်မီးလောင်သွားတယ်။အဲဒီမှာလက်နက်ကြီးတွေ ကျပြီးတော့။ တိုက်ပွဲအခြေအနေက နှစ်ဦးနှစ်ဖက်အကျအဆုံးတွေကျတော့မသိသေးဘူး”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။

KIAနှင့် PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဆွန်ပီယန်တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဆွန်ပီယန်ကျေးရွာခံများအနေဖြင့် ယခင်တိုက်ပွဲဖြစ်ပွားစဉ်က စစ်ကောင်စီတပ်က လေယာဉ်ဖြင့်လာရောက် တိုက်ခိုက်ခဲ့၍ စစ်ဘေးတိမ်းရှောင်ခဲ့ရာ ယနေ့တိုက်ပွဲကြောင့် ဘေးကင်းလုံခြုံရာသို့ ထပ်မံတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။