Connect with us

Hi, what are you looking for?

News

နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား ငါးဦး​သေပြီး အများအပြားဒဏ်ရာရဟု ​ဆောPDF​ ပြော

မတ်လ ၃ရက်ကစ၍ လောင်းရှည်နှင့် ဆောမြို့ ကြားတွင် PDF-SAW နှင့် ညောင်ရမ်းတပ်ဖွဲ့ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှ ဆောမြို့နယ်သို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ရက်တာတိုက်ပွဲ ဖြစ်ပွားရာ ငါးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF-SAW က ထုတ်ပြန်သည်။

မတ်လ ၃ရက်ကစ၍ လောင်းရှည်နှင့် ဆောမြို့ ကြားတွင် PDF-SAW နှင့် ညောင်ရမ်းတပ်ဖွဲ့ ပူးပေါင်း၍ အကြမ်းဖက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

မတ်လ ၃ရက် ညနေ ၃နာရီတွင် PDF-SAW နှင့် ညောင်ရမ်း မဟာမိတ်အဖွဲ့မှ လက်နက်ကြီး ​လေးလုံးနှင့် မိုင်းများဖြင့် စတင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယနေ့(မတ်လ ၄ ရက် ) နံနက် ၆နာရီ မှ ၁၁ နာရီဝန်းကျင်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။နှစ်ရက်တာ တိုက်ပွဲအတွင်းလက်နက်ကြီး (လက်လုပ်)၈၃ လုံးနှင့် မိုင်း ​လေးလုံး ပေါက်ကွဲခဲ့သည်ဟုလည်း PDF-SAW က အသိပေးသည်။

Public Service Announcement

Public Service Announcement

“စခ သေဆုံး ၅ ကောင်ထဲတွင် PDF-SAW နှင့် မဟာမိတ်တို့ရဲ့ ပစ်ခတ်မှုကြောင့် ၂ကောင်မှာ ဖင်ထိုင်လဲကျပီး ၁ကောင်မှာတော့ မှောက်ရက်လဲကျသွားခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရပါတယ်”ဟု PDF-SAW ကပြော သည်။

တိုက်ပွဲဖြစ်ပွားရာ နှစ်ရက်အတွင်း စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူများ၏ ဆိုင်ကယ်နှစ်စီး နှင့်တဲလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများသည် နည်းလမ်းမျိုးစုံဖြင့် ဆောမြို့နယ် အတွင်းသို့ ကျူးကျော်ဝင်ရောက် လာ​နေသောကြောင့်ဆော-ကျောက်ထု ၊ ဆော-ဆိပ်ဖြူ နှင့် ဆော -လောင်းရှည် လမ်းပိုင်းများကို (မတ်လ ၃ ရက်)ကစ၍ ဖြတ်သန်းခွင့်ပိတ်ပင်ကြောင်း PDF-SAWက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။