Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်း၌ ပျံလွှား​​အောင်စစ်ဆင်​ရေးအဖြစ် တစ်လအတွင်း စစ်​ရေးလှုပ်ရှားမှု ၄၀​ကျော်ပြုလုပ်ရာ စစ်ကောင်စီတပ်သား ၆၇ဦး​သေ

ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၄ ရက်အထိ အရှေ့ပိုင်းခရိုင်တွင် ဗုံးခွဲမှု ၁၁ကြိမ် နှင့် ၄၀ (မမ)ဗုံးသီးလောင်ချာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဆောင်ရွက်ခဲ့ရာ ရန်သူစစ်သားနှင့် ရဲ ၁၅ဦး သေဆုံးကြောင်း ဖော်ပြသည်။

(ဖေဖော်ဝါရီ ၂၁ ရက်က သမိုင်း Citymart ရှေ့ရှိ စစ်ကောင်စီ ကင်းတဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားသုံးဦးထက်မနည်းသေဆုံးခဲ့သည်။)

ရန်ကုန်တိုင်း၌ ပျံလွှားအောင်စစ်ဆင်ရေးဖြင့် တစ်လအတွင်း စစ်ရေးလှုပ်ရှားမှု ၄၃ခု ဆောင်ရွက်ခဲ့ကာ စစ်ကောင်စီတပ်သား ၆၇ဦးသေဆုံးပြီး ၁၀၀ခန့် ထိခိုက်ဒဏ်ရာရရှိသည်ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့ (မတ်လ ၅ ရက်)တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၄ ရက်မှ မတ်လ ၄ ရက်အထိ အရှေ့ပိုင်းခရိုင်တွင် ဗုံးခွဲမှု ၁၁ကြိမ် နှင့် ၄၀ (မမ)ဗုံးသီးလောင်ချာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဆောင်ရွက်ခဲ့ရာ ရန်သူစစ်သားနှင့် ရဲ ၁၅ဦး သေဆုံးကြောင်း ဖော်ပြသည်။

ထို့အပြင် ရန်သူ(အကြမ်းဖက်စစ်ကောင်စီ)၏ ကင်းလှည့်ယာဥ် သုံးစီးပျက်စီးပြီး လေတပ်ဗိုလ်ကြီးအဆင့်ရှိသူနေအိမ်၊ စစ်ကောင်စီပိုင် Mytel Showroom တစ်ခုနှင့် စစ်ကောင်စီအခြေစိုက် အဆောက်အအုံအချို့ ပျက်စီးခဲ့သည်ဟု ဆိုသည်။

အနောက်ပိုင်းခရိုင်တွင်လည်း ဗုံးခွဲမှုသုံးကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး ရန်သူ စစ်သား၊ရဲ ငါးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

Mytel တာဝါတိုင်တစ်ခုနှင့် ရဲစခန်းအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်းလည်း သိရသည်။

တောင်ပိုင်းခရိုင်တွင် ပစ်ခတ်တိုက်ခိုက်မှု တစ်ကြိမ်၊ ဗုံးခွဲမှုခြောက်ကြိမ်၊၄၀ (မမ)ဗုံးသီးလောင်ချာဖြင့် တိုက်ခိုက်မှုသုံးကြိမ်ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုများကြောင့် ရန်သူစစ်သားနှင့် ရဲ ၂၂ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြီး ကင်းလှည့်ယာဥ်နှင့် စစ်ကောင်စီအဆောက်အအုံအချို့ ထိခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မြောက်ပိုင်းခရိုင်တွင်လည်း ဗုံးခွဲတိုက်ခိုက်မှု ၁၃ကြိမ်အထိရှိခဲ့ကာ၊၄၀(မမ) ဗုံးသီးလောင်ချာဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုတွင် တိုက်လေယာဥ်နှစ်စီး၊ကင်းလှည့်ယာဥ်နှင့် အဆောက်အအုံအချို့ထိခိုက်ကာ ရန်သူ စစ်သားနှင့် ရဲ ၂၅ဦး သေဆုံးကြောင်း သိရသည်။

စစ်ရေးလှုပ်ရှားမှုများ ဆောက်ရွက်ရာတွင် ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့နှင့်အတူ ပူးပေါင်းခဲ့သည့် ပြည်သူ့တော်လှန်ရေးအင်အားစုများနှင့် နည်းမျိုးစုံဖြင့် ကူညီခဲ့သည့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။