Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်သေဆုံးမှုများသည့် ကျောက်ဆည်ကန်တိုက်ပွဲ နှစ်ဦးဖမ်းမိပြီး လက်နက်များသိမ်းဆည်းရရှိ

စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ - အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်က ယ​နေ့(မတ်လ ၆ရက်) ညနေပိုင်း၌ ထုတ်ပြန် သည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်

စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ဖယ်ခုံ PDF ၊ KA ၊ KNDF နှင့်ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်း ခုခံတိုက်ခိုက်ခဲခြင်းဖြစ်သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ်အဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ ကျဆုံးမှုများပြီး အရှင်နှစ်ယောက်ဖမ်းမိကာ လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း လက်နက်မျိုးစုံ ၆လက် ထက်မနည်း ဖော်ပြထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးတပ်

မဟာမိတ်အဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဆည်ကန်မှ ဘုရားငုတ်တိုဘက်သို့ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။