Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူ လေးဦးမှာ တစ်ဦး ဟာ အစားအစာမလုံလောက်မှုကြုံနေရ

မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် ၊မန္တလေးမှာတောင် WFP ဟာ ထောက်ပံ့မှုတွေ လုပ်နေရပြီး လူပေါင်း ၁ ဒဿမ ၇ သန်းကျော်ကို စားနပ်ရိက္ခာဝေငှပေးခဲ့ရတယ်လို့သိရပါတယ်။

မြန်မာပြည်သူ လူလေးဦးမှာ တစ်ဦးဟာ စားစရာ မလုံလောက်တဲ့ပြဿနာကိုကြုံတွေ့နေရပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP ) က ဒီနှစ်ထဲမှာ အနည်းဆုံး လူလေးသန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကိုတိုးမြှင့် ထောက်ပံ့ရေးလုပ်ဆောင်နေတယ်လို့ကုလအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။

မြန်မာပြည်သူတွေဟာ လုံခြုံမှု ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ နဲ့ ငွေကြေးရန်ပုံငွေအကူအညီ ရဖို့ အပြင် ကပ်ရောဂါစတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ဒီလိုအခြေအတွေကြောင့် ပြည်သူလေးဦးမှာ တစ်ဦးဟာ စာရေးသောက်ရေး မလုံလောက်မှုပြဿနာကိုကြုံနေရတယ်လို့လည်း ထောက်ပြပါတယ်။

မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် ၊မန္တလေးမှာတောင် WFP ဟာ ထောက်ပံ့မှုတွေ လုပ်နေရပြီး လူပေါင်း ၁ ဒဿမ ၇ သန်းကျော်ကို စားနပ်ရိက္ခာဝေငှပေးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုင်းနဲ့ပြည်နယ် ခုနှစ်ခုက နေရပ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည် အသစ် ၅၇၀၀၀ ကျော်ကိုလည်း WFP က စားနပ်ရိက္ခာ ထောက်ပံ့ပေးနေပါတယ်။

ဒါအပြင် ရခိုင် ၊ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကလေးသူငယ်တွေအပါအဝင် အမျိုးသားနဲ့အမျိုးသမိး ၃၆၀၀၀၀ အတွက်လည်း စားနပ်ရိက္ခာနဲ့ငွေကြေး ထောက်ပံ့တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။