မြန်မာပြည်သူ လူလေးဦးမှာ တစ်ဦးဟာ စားစရာ မလုံလောက်တဲ့ပြဿနာကိုကြုံတွေ့နေရပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP ) က ဒီနှစ်ထဲမှာ အနည်းဆုံး လူလေးသန်းအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာကိုတိုးမြှင့် ထောက်ပံ့ရေးလုပ်ဆောင်နေတယ်လို့ကုလအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကဆိုပါတယ်။
မြန်မာပြည်သူတွေဟာ လုံခြုံမှု ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီ နဲ့ ငွေကြေးရန်ပုံငွေအကူအညီ ရဖို့ အပြင် ကပ်ရောဂါစတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဒီလိုအခြေအတွေကြောင့် ပြည်သူလေးဦးမှာ တစ်ဦးဟာ စာရေးသောက်ရေး မလုံလောက်မှုပြဿနာကိုကြုံနေရတယ်လို့လည်း ထောက်ပြပါတယ်။
မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန် ၊မန္တလေးမှာတောင် WFP ဟာ ထောက်ပံ့မှုတွေ လုပ်နေရပြီး လူပေါင်း ၁ ဒဿမ ၇ သန်းကျော်ကို စားနပ်ရိက္ခာဝေငှပေးခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement
တိုင်းနဲ့ပြည်နယ် ခုနှစ်ခုက နေရပ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည် အသစ် ၅၇၀၀၀ ကျော်ကိုလည်း WFP က စားနပ်ရိက္ခာ ထောက်ပံ့ပေးနေပါတယ်။
ဒါအပြင် ရခိုင် ၊ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်း ကလေးသူငယ်တွေအပါအဝင် အမျိုးသားနဲ့အမျိုးသမိး ၃၆၀၀၀၀ အတွက်လည်း စားနပ်ရိက္ခာနဲ့ငွေကြေး ထောက်ပံ့တာတွေလုပ်နေတယ်လို့ သိရပါတယ်။
