Connect with us

Hi, what are you looking for?

ဆောင်းပါး

ဗန်ယူ​​လာပေးတဲ့ ​ချိုမြိန်တဲ့​အောင်ပွဲ

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

​နေ့သစ်/People’s Spring

ဒီကနေ့ မနက်မလင်းခင်ကတည်းက မြန်မာတစ်နိုင်ငံလုံး တောရောမြို့ပါမကျန် ပြည်သူတွေဟာ TV ရှေ့ထိုင်ဖို့ တပြင်ပြင် ဖြစ်နေကြပါပြီ။ ဘယ်လိုင်းကလွှင့်လို့လွှင့်မယ်မှန်းမသိကြတဲ့ ပြည်သူတွေဟာ Youtube ကနေ ပွဲအဟောင်းကြီးတွေ ဖွင့်မိလိုဖွင့်မိ၊ အသိတွေဆီ ဖုန်းဆက်မေးလိုမေးနဲ့ ဗျာများရပါပြီ။ ဗန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲအတွက် TV ကနေ အားပေးဖို့ ပြင်ဆင်နေကြတာပါ။

စျေးထဲရောက်နေသူတွေလည်း TV နဲ့ပြမယ့် လက်ဖက်ရည်ဆိုင်တွေဆီ ပြေးကြတယ်။ တောထဲတောင်ထဲ ရောက်နေသူတွေလည်း ဖုန်းထဲကနေ ကြည့်ဖို့ လိုင်းကောင်းမယ့်နေရာ ရှာကြတယ်။

မန္တလေးမြို့မှာဆိုရင်TVတပ်ထားတဲ့ လက်ဖက်ရည်ဆိုင်တွေ အကုန်နီးပါး ဗန် ရဲ့ ပွဲကို ပြသပေးခဲ့ကြပါတယ်။ စျေးတွေ၊ ရှော့ပင်းမောတွေမှာ လူတွေလုံးဝမရှိတော့တဲ့အထိ ခြောက်ကပ်သွားခဲ့ပြီး ပြည်သူတွေဟာ TV တွေရှေ့ စုပြုံသွားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အားပေးကြတဲ့ပရိသတ်ဟာ ဆိုင်ထဲတင်မကဘဲ ဆိုင်အပြင်ဘက်ထိပါလျှံထွက်လာခဲ့တာကို မြင်တွေ့ရပါတယ်။လမ်းသွားလမ်းလာ ယာဥ်တွေပေါ်ကပါလှမ်းကြည့်ကြတာကြောင့် ယာဥ်ကြောတွေပါပိတ်ဆို့ကုန်တဲ့အထိ စိတ်ဝင်စားခဲ့ကြတယ်လို့ သိရပါတယ်။

ကလောမြို့လယ် နာရီစင်အနီးမှာဆိုရင် မြို့သူမြို့သားတွေဟာ LED ဘုတ်ကနေ ပြတဲ့ ဗန် ရဲ့ပွဲကို ကားတွေဆိုင်ကယ်တွေ ရပ်တန့်ပြီး ယာဥ်တွေပေါ်ကာ ဆင်းကာ မြေပေါ်ငုတ်တုပ်ထိုင် အားပေးခဲ့ကြပါတယ်။

နိုင်ငံတစ်ဝန်းက​တော်လှန်​ရေးရဲ​ဘော်တွေလည်းဖုန်း​က​နေတဆင့် စု​ပေါင်းကြည့်ပြီး စိတ်လှုပ်ရှားစွာအား​ပေးကြတယ် ။

ဗန် ချုပ်ခံထားရချိန် ပြည်သူတွေဟာ စက္ကန့်ပါ အော်ဟစ်ရေတွက်ခဲ့ကြကာ ဗန်ရုန်းထွက်သွားချိန်မှာတော့ ပြည်သူတွေ ဟေးခနဲအော်ခဲ့ကြတယ်။ဗန်ရဲ့ထိုးချက်တွေတိုင်းမှာပရိတ်သတ်တွေဟာ အားတွေပါလာပြီး လက်နှစ်ဖက်လုံးခုန်မြှောက်တာ၊လက်သီးလက်မောင်းတန်းတာ၊ လက်ခုပ်လက်ဝါးတီးတာတွေပါ ပြုလုပ်ကာ ဗန်ကို အားပေးခဲ့ကြတာပါ။

လူတွေတင်မကပါဘူး။ ရဟန်းသံဃာတော်တွေလည်း ဆွမ်းခံချိန်နဲ့ တိုက်ဆိုင်တာမို့ သပိတ်ဘေးချထားပြီး ဆွမ်းခံမသွားတော့ဘဲ ကျောင်းတိုက်မှာတင် အားပေးခဲ့ကြပါတယ်။ ကျေးရွာတစ်ရွာက အဒေါ်ကြီးနှစ်ယောက်ဆိုရင် ဗန်နိုင်သွားလို့ ဝမ်းသာအားရ လမ်းပေါ်ပြေးအော်ခဲ့ကြတယ်။ အဒေါ်ကြီးတစ်ယောက်ကတော့ ကျွမ်းပါထိုးပစ်ခဲ့သေးတာ။

မြန်မာနိုင်ငံက ပြည်သူတွေဟာ လက်တလော သူတို့ခံစားနေရတဲ့ အာဏာရှင်ပေးတဲ့ ဒုက္ခတွေ၊ လေကြောင်းတိုက်ခိုက်မှူတွေ၊ နေအိမ်မီးလောင်ပြာကျထားတာတွေ၊ ဖမ်းဆီးခံထားရတာတွေ၊ စစ်မှုထမ်းတွေ စတဲ့ သောကတွေမှန်သမျှ ခေတ္တခဏမေ့ပျောက်သွားတဲ့အထိ ဗန်ကို အားပေးခဲ့ကြပါတယ်။ .

ဗန်ကလည်း မြန်မာပြည်သူ​တွေကို ဂုဏ်ယူရ​အောင် အစွမ်းပြခဲ့ပါတယ် ။ UFC ဖလိုင်းဝိတ်တန်းရဲ့ ဂန္တဝင် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ဗန်က ပွဲစဥ်တ​လျှောက်လုံး အသာစီးကစားနိုင်ခဲ့ပါတယ် ။

ပွဲစကတည်းက ချုပ်ကွက်နဲ့ အနိုင်ယူဖို့ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်က အ​ကောင်းဆုံးခုခံပြီး ပန်တိုဂျာကျွမ်းကျင်လှပါတယ်ဆိုတဲ့​နောက်​ကျောက​နေ ချုပ်ခွင့်မသာ​အောင်ဗန်က ပါးပါးနပ်နပ်ခုခံခဲ့ပါတယ် ။ Stand Fight လို့​ခေါ်တဲ့ မတ်တပ်ရပ်ပြီး ထိုးသတ်တာမှာ​တော့ဗန်က အကြိမ်တိုင်အသာစီးက ကစားနိုင်ခဲ့ပါတယ် ။

ဗန် နဲ့ ပန်တိုဂျာတို့ရဲ့ငါးချီပြည့်အကြိတ်အနယ်ထိုးသတ်ခဲ့တဲ့မ​ကျေပွဲဟာ UFC 331 ရဲ့ အ​ကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ​ရွေးချယ်ခံရပြီး ကစားသမားတဦးစီ အပိုဆု​ကြေး ​ဒေါ်လာတစ်သိန်းစီဆွတ်ခူးခဲ့ပါတယ်။

ဗန်ဟာ ဒီပွဲအတွက် ထိုးသတ်​ကြေး ​​ဒေါ်လာ ၅ သိန်းရပါတယ် ။ဒါ​ကြောင့် ထိုးသတ်​ကြေးနဲ့ ဆု​​ကြေးတင်ပဲ ​ဒေါ်လာ ​ခြောက်သိန်း​ရခဲ့ပါတယ် ။ မြန်မာ​ငွေနဲ့ဆို ​ကျပ်သိန်း(၂၅၀၀၀ ) ဝန်းကျင်ရတာဖြစ်ပါတယ် ။

အသက် ၂၄ နှစ်အရွယ်လက်ရှိ ချန်ပီယံ ဗန်က အသက် ၃၆ နှစ်အရွယ် ချန်ပီယံ​ဟောင်း ပန်တိုဂျာရဲ့ ဦး​ခေါင်းပိုင်းထိ​အောင် လက်သီးချက် ၁၄၀ တိုင်ထိုးနိုင်ခဲ့ပါတယ် ။ပန်တိုဂျာက​တော့ ဦး​ခေါင်းပိုင်းထိုးချက် ၉၉ ချက်ပဲရှိခဲ့ပါတယ် ။စုစု​ပေါင်း ဗန်က ၁၈၁ ကြိမ်ထိ​ရောက်​အောင်ထိုးနိုင်ခဲ့ပါတယ်။ ပန်တိုဂျာက​တော့ ၁၄၇ ကြိမ်ပဲ ထိ​​ရောက်​အောင်ထိုးနိုင်တာပါ။

ခြုပ်ကွက်နဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ ပန်တိုဂျာကို ဗန်ကအ​ကောင်းဆုံးခုခံပြီး​ဘောက်ဆင်စွမ်းရည်ဘယ်​လောက်ထက်မြတ်တယ်ဆိုတာပြသနိုင်ခဲ့တဲ့ပွဲလို့ သိုင်း​ပေါင်းစုံပြိုင်ပွဲအားကစားကျွမ်းကျင်သူ​တွေကသုံးသပ်ပါတယ်။

​နောက်ဆုံးအချီမှာ ဗန်က ပန်တိုဂျာကို လဲကျ​အောင်ထိုးနိုင်ခဲ့သလို ချုပ်ကွက်နဲ့ပါ ပွဲသိမ်းဖို့ ဗန်ကကြိုးစားပြလိုက်​သေးပါတယ်။

ဒိုင်လူကြီး သုံးဦးက ဗန်ကို ၅၀ မှတ်-၄၅ မှတ်၊ ၄၉ မှတ်- ၄၆ မှတ်၊ ၄၈ မှတ်- ၄၇ မှတ်နဲ့အနိုင်​ပေးခဲ့တာပါ ။ဒီနိုင်ပွဲ​ကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးမှတ်တမ်းရရှိထားပြီး ပန်တိုဂျာက ၁၉ ပွဲယှဥ်ပြိုင်ထားပြီး ၁၄ ပွဲနိုင် ၅ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။

အသက် ၂၄ နှစ်မှာပဲ UFC ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာတာမို့ UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံး၊အာရှတိုက်ဖွား​​တွေထဲပထမဆုံးချန်ပီယံဆိုတဲ့မှတ်တမ်း​တွေကိုစိုက်ထူထားပါတယ် ။ဒါ့အပြင် ပန်တိုဂျာနဲ့မ​ကျေပွဲအပြီးမှာလည်း ဗန်ဟာ UFC မှာ ၁၂ ပွဲထိုးသတ်ပြီးချိန်မှာ ပြိုင်ဘက်​တွေအ​ပေါ် ထိ​ရောက်တဲ့လက်သီးထိုးချက်​ပေါင်း ၁၄၁၁ ကြိမ်နဲ့ UFC ဖလိုင်းဝိတ်တန်းမှာ အများဆုံးဆိုတဲ့မှတ်တမ်း ကိုပါစိုက်ထူလိုက်ပါတယ် ။

ပွဲအပြီးမှာဗန်က ပထမပွဲတုန်းကကံ​ကောင်းလို့အနိုင်ရခဲ့တာလို့ ​ဝေဖန်မှု​တွေကိုသက်​သေပြနိုင်ခဲ့ပြီလို့​ပြောပါတယ် ။

“ပထမပွဲတုန်းက​တော့ ကျွန်​တော်မ​တော်တဆအနိုင်ရခဲ့တာလို့ လူ​တော်​တော်များများ​ပြောကြတယ် ။အခု​​ရော သံသယဝင်ကြပါဦး” လို့​ပြောခဲ့ပါတယ် ။

ပန်တိုဂျာကိုလည်း ​လေးစားအသိအမှတ်ပြုတယ်လိုဗန်က​ပြောခဲ့ပါတယ် ။”သူ့အပေါ် ကျွန်တော့်ဘက်က လေးစားမှုကလွဲပြီး ဘာမှမရှိပါဘူး”လို့​ပြောတာပါ ။

စစ်တပ်အာဏာသိမ်းမှု​ကြောင့် ​ပျော်ရွှင် ဂုဏ်ယူစရာ အခိုက်အတန့်​တွေရှားပါးလှပြီး အ​ထွေ​​ထွေအကြပ်အတည်း​အောက်မှာ​နေရတဲ့မြန်မာပြည်သူ​​တွေအတွက်စက်တင်ဘာ ၂၀ က ချင်းတိုင်းရင်းသား ဗန်​ကြောင့် ​ပျော်ရွှင် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ် ။

ဗန်ကလည်း မြန်မာပြည်ကပရိတ်သတ်​တွေကို​ အား​ပေးကြတဲ့အတွက် ကျေးဇူတင်​ကြောင်း အမှတ်တရသတင်းစကားပါးထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အပိုဆု​ကြေး​ဒေါ်လာ တစ်သိန်းစီဆွတ်ခူး

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက် ဘရာဇီးဖိုက်တာ ပန်တိုဂျာကို အမှတ်နဲ့အနိုင်ရပြီး ချန်ပီယံခါးပါတ်ကို​အောင်မြင်စွာကာကွယ်ခဲ့ပါတယ်။

သတင်း

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။