ဖရူဆိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းနှစ်ခု ကို ဝင်တိုက်ရာ အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)ဖရူဆိုဇုန်က ယနေ့(မတ်လ ၈ရက်) ထုတ်ပြန် သည်။
ပြောက်ကျားစနစ်ဖြင့် မတ်လ ၆ရက်က လေ့ကျင့်ရေး (၁၄)တပ်နှင့် ယနေ့(မတ်လ ၈ရက်)တွင် ခမရ(၅၃၁)တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
တိုက်ပွဲဖြစ်စဥ်နှစ်ခုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု KNDFက အသိပေးသည်။
ဖေဖော်ဝါရီ၂၆ ရက်ကလည်း ဖရူဆိုမြို့ရှိ စစ်ကောင်စီ တပ်စခန်း ခမရ (၄၂၈)ဂိတ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
ထိုတိုက်ခိုက်မှု၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါများ၊ ဗုံးများဖြင့် ပစ်ခတ်နိုင်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။


















































