Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်များ ယနေ့ မဆုတ်ခွာပါက ဖြစ်လာမည့် အကျိုးဆက်များ KNU၏ တာဝန်မဟုတ်ဟု ရတခ တိုင်းမှူးထံစာပို့

စစ်ကောင်စီတပ်များ ၃ရက် အတွင်း ပြန်လည်ဆုတ်ခွာခြင်းမရှိပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ ပြဿနာများသည် KNU ဒူးပလာယာခရိုင် အမှတ်(၆) တပ်မဟာ၏ တာဝန် မဟုတ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သာ ဖြစ်ကြောင်း အသိပေးအကြောင်းကြားသည်ဟု စစ်ကောင်စီတိုင်းမှူးထံပေးပို့သည့် စာ၌ ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင် ပိုင်း ဒေသများအတွင်း ဝင်ရောက်တပ်စွဲ အခြေပြုလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ ဒီကနေ့ မတ်လ (၉)ရက်မှာ ဆုတ်ခွာခြင်းမပြုရင် ဖြစ်လာမယ့် အကျိုးဆက်တွေ ပြဿနာတွေကို တာဝန်မယူဟု KNU ဒူးပလာယာခရိုင်က မတ်လ ၇ရက်မှာ စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီကို စာပို့ထားသည်။

KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် ပေးပို့သည့် အသိပေးအကြောင်းကြားစာတွင် စစ်ကောင်စီတပ်များ သုံးရက်အတွင်း ပြန်လည်ဆုတ်ခွာဖို့ ဖော်ပြထားသည်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) ဒေသအတွင်း၌ ၂၀၂၁ ဒီဇင်ဘာ ၁၅ရက် က စတင်ပြီး စစ်ကောင်စီတပ်များ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ ဒေါနအရှေခြမ်းရှိ လေးကေ့ကော်မြို့သစ်အပါအဝင် ၎င်းပတ်ဝန်း ကျင်ရှိ ကျေးရွာ များရှိ ပြည်သူလူထုများ၊ ဒေါန အနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုများ ၎င်းတို့ ၏ ကျေးရွာများကို စွန့်ခွာထွက်ပြေး စစ်ဘေးရှောင်ခဲ့ကြရသည်ဟု စာတွင် ဖော်ပြထားသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာဒေသရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်များက တပ်စွဲ အခြေပြုလှုပ်ရှား လျက် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်း (သက်ရှိ၊သက်မဲ့)များစွာကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများကြောင့် စစ်ရှောင်ပြည်သူလူထုများသည် ၎င်းတို့၏ ကျေးရွာနေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုရဲသည့် အခြေအနေ သို့ရောက်ရှိနေကြောင်း ၊ KNU အနေဖြင့် ကရင်အမျိုးသား ပြည်သူလူထု ရင်ဆိုင်နေရသည့် ဒုက္ခများနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ကူညီဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ဒူးပလာယာခရိုင်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ဘေးရှောင် ပြည်သူလူထုများအနေဖြင့် ၎င်းတို့၏ ကျေးရွာနေ အိမ်များကို အေးချမ်းစွာ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နေနိုင်ရေးအတွက် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသတွေအတွင်း ဝင်ရောက်တပ်စွဲ အခြေပြုလှုပ်ရှားနေသည့် စစ်ကောင်စီ၏ တပ်များကို ယခု အသိပေး အကြောင်းကြားသည့် စာထုတ်ပြန်သည့် နေ့ ( မတ်လ ၇ရက်) က စပြီး ၃ရက်အတွင်း ပြန်လည်ဆုတ်ခွာရန် အသိပေးလိုက်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်များ ၃ရက် အတွင်း ပြန်လည်ဆုတ်ခွာခြင်းမရှိပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ ပြဿနာများသည် KNU ဒူးပလာယာခရိုင် အမှတ်(၆) တပ်မဟာ၏ တာဝန် မဟုတ်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သာ ဖြစ်ကြောင်း အသိပေးအကြောင်းကြားသည်ဟု စစ်ကောင်စီတိုင်းမှူးထံပေးပို့သည့် စာ၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို