Connect with us

Hi, what are you looking for?

News

ကိုဗစ်ကြောင့် ပြည်သူလူထု အသက်ပေါင်းများစွာ သေဆုံးနိုင်သည့် စစ်ကောင်စီ၏လုပ်ရပ်များအတွက် တာဝန်ယူရမည်ဟု CRPHသတိပေး

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေး ပြန်လည်ကုစားရေးတို့အတွက် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးနှင့် အမြန်ဆုံး လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း CRPH က ယနေ့ ထုတ်ပြန်ရာတွင် အထက် ပါအတိုင်း တောင်းဆိုခဲ့သည်။

ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူလူထု အသက်ပေါင်းများစွာ သေဆုံးပျက်စီးနိုင်သည်အထိ အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရချိန်ဖြစ်၍ ကိုဗစ်ထိန်းချုပ်ကာကွယ် ရေးနှင့် စီးပွားရေး ပြန်လည်ကုစားရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေး ပြန်လည်ကုစားရေးတို့အတွက် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးနှင့် အမြန်ဆုံး လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း CRPH က ယနေ့ ထုတ်ပြန်ရာတွင် အထက် ပါအတိုင်း တောင်းဆိုခဲ့သည်။

ယခုအခါ အကျဉ်းထောင်များအပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပြီး နေ့စဉ်သေဆုံးသူအရေအတွက်မှာလည်း အလွန်အမင်း မြင့်တက်လျက်ရှိသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရကြောင်း CRPHက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်တားဆီး ခြင်း၊ ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ရောဂါကူးစက်ခံထားရသူများနှင့် သံသယလူနာများကို လုံလောက်သော ဆေးကုသ မှုပေးခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ပေးရမည် ဖြစ် သော်လည်း အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံသားတိုင်းအတွက် လုံလောက်သော ဆေးကုသခွင့်နှင့်အတူ လိုအပ်သည့်ထောက်ပံ့ကူညီမှုများ စီမံဆောင်ရွက်ပေးရန် ပျက်ကွက်နေသည်ဟု CRPHက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူလူထု၏ ကိုယ်အားကိုယ်ကိုး စီမံဆောင်ရွက်မှုများကိုပါ ပိတ်ပင်တားဆီးမှုများ လုပ် ဆောင်နေခြင်းသည် နိုင်ငံသား အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုကျူးလွန် ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းလုပ်ရပ်များကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အပြည့်အဝ တာဝန်ယူရမည်ဖြစ် ကြောင်း CRPHက သတိပေးသည်။ ယခုကာလတွင် အာဏာသိမ်းစစ်ကောင်စီသည် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်နေသူများကို ဥပဒေမဲ့ မတရားပုဒ်မတပ်ကာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ”ပြည်သူမှ ပြည်သူသို့” ထောက်ပံ့ ကူညီမှုများကို တားဆီးပိတ်ပင်ခြင်း၊ ကိုဗစ်ကူးစက်မှုခံစားနေရသော ပြည်သူများ၏ အောက်ဆီဂျင်ရှာဖွေရယူမှုများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကြားသိနေရသည်ဟု CRPHက ဆိုသည်။

ထို့ပြင် ပြည်သူလူထု ရွေးချယ်တင်မြှောက်ပြည်သူ လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးနှင့် ကုသရေးအစီအမံများ အပါအဝင် ကိုဗစ်ပြန်လည် ကုစားရေးအစီအစဉ် (CERP) ကိုလည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရှု ဖျက်သိမ်းခဲ့သည်ဟုဖော်ပြထားသည်။

မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းယူခြင်းနှင့် ကိုဗစ်ရောဂါကူးစက်မှုမြင့် တက်နေခြင်း ဆိုးကျိုးနှစ်ခုလုံးကို တစ်ပြိုင်တည်းတွေ့ ကြုံခံစားနေရသည့်အပေါ် CRPH အနေဖြင့် များစွာစိုးရိမ်ခံစားရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။