Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါနယ်တွင် ပျူ​စောထီး ၁၀ဦးလက်နက်ဖြင့် ထွက်​ပြေး

ပျူစောထီးအဖွဲ့ဝင်အဖြစ် မလုပ်ချင်လျှင် သော် လည်းကောင်း ပျူစောထီး သင်တန်းမတက်ချင်လျှင်သော်လည်းကောင်း နှုတ်ထွက်နိုင်သော်လည်း နှုတ်ထွက်ပါက ဆန် ၁၀အိတ်နှင့် ကျပ်တစ်သိန်းပေးဆောင်ရမည်ဟု ဆုံးဖြတ်ချက် စစ်ကောင်စီတပ်နှင့် ဟံသာဝတီရွာ ပျူခေါင်းဆောင်များက ဆုံးဖြတ်ကြောင်း သိရသည်။

(ပျူစောထီး အားကောင်းရာ မြောက်ခရန်​ကျေးရွာမှ ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်များက မတ်လ ၁၈ရက်တွင် ကယ်ဆယ်နေစဥ်)

▪️ပျူအဖြစ်မှ နှုတ်ထွက်ရန် ဆန်၁၀အိတ်နှင့် ကျပ်တစ်သိန်း​ပေးရဟုဆို

မ​ကွေးတိုင်း ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာမှ ပျူစောထီး ၁၀ဦး လက်နက်များနှင့်အတူ ထွက်ပြေးခဲ့ပြီး ကျန်ရှိ ရွာခံအမျိုးသားများသည် ပျူစောထီးအဖွဲ့ဝင်ဖြစ် နှုတ်ထွက်ခွင့်ရရန် ဆန်အိတ် ၁၀အိတ်နှင့် ကျပ်တစ်သိန်းပေးနေရသည်ဟု ဒေသခံသတင်းရင်းမြစ်များနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်အချို့က People’s Springသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ချပေးထားသည့် ကာဘိုင်သေနတ်များနှင့်အတူ ဟံသာဝတီ​ကျေးရွာမှ ပျူစောထီး၁၀ဦးမှာ ယမန်နေ့(မတ်လ ၂၀ရက်) ညနေပိုင်းက ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

“ထွက်ပြေးတာမှာ လက်နက် တွေလည်းပါတယ်။ မနေ့က ဖြစ်တာ။အခုထိတော့ ထွက်ပြေးတဲ့သူတွေနဲ့မြေပြင်အဖွဲ့တွေ ချိတ်ဆက်နေတုန်းပဲ”ဟု ​ယော​ဒေသနယ်မှ Phoenix Defence Battalionတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မြေပြင်အဖွဲ့ များအနေဖြင့် ထွက်ပြေးလာသည့် ဟံသာဝတီရွာသား ၁၀ဦးတွင် လက်နက်များပါလာသည့်အတွက် ဂရုပြုကိုင်တွယ်ဖြေရှင်းကြရန် အကြံပြုသည်။

အလားတူ ယနေ့(မတ်လ ၂၁ ရက်) နံနက်ပိုင်းကစ၍ ဟံသာဝတီရွာ၌ ပျူစောထီးအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ရရှိရေး ရုန်းရင်းဆန်ခတ် အငြင်းပွားမှုများရှိနေသည်ဟုလည်း Yaw Media က ဆိုသည်။

ပျူစောထီးအဖွဲ့ဝင်အဖြစ် မလုပ်ချင်လျှင် သော် လည်းကောင်း ပျူစောထီး သင်တန်းမတက်ချင်လျှင်သော်လည်းကောင်း နှုတ်ထွက်နိုင်သော်လည်း နှုတ်ထွက်ပါက ဆန် ၁၀အိတ်နှင့် ကျပ်တစ်သိန်းပေးဆောင်ရမည်ဟု ဆုံးဖြတ်ချက် စစ်ကောင်စီတပ်နှင့် ဟံသာဝတီရွာ ပျူခေါင်းဆောင်များက ဆုံးဖြတ်ကြောင်း သိရသည်။

“အစည်းဝေးတွင် ပျူ ၃၁၅ ဦး နှုတ်ထွက်သွား ။ ထို့ကြောင့် ဟံသာဝတီ ဦးဇင်းမှ ရွာသားများအား ပြန်ခေါ်ယူပြီး ၁၀တန်း စာမေးပွဲဖြေနေသည့်အတွက် တစ်လ တာဝန်ထမ်းဆောင်ပေးရန် ပြန်လည်တောင်းဆိုခဲ့ပြီး ဆယ်တန်းစာမေးပွဲ ပြီးပါက နှုတ်ထွက် ခွင့်ပြုပေးသွားမည်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်”ဟု Yaw Media ကဖော်ပြသည်။

သို့သော် လက်ရှိတွင် ပျူစောထီး ၃၁၅ ဦးအနက်မှ ၈၀ ခန့်မှာ ဆန် ၁၀အိတ်နှင့် ကျပ်တစ်သိန်းကို ချက်ချင်းပေးချေခဲ့ပြီးနောက် ကျန်ရှိသူများက မပေးဆောင်နိုင်သည့်အတွက် အငြင်းပွားမှုများ တိုးလာကြောင်းလည်း အသိပေးသည်။

ဂန့်ဂေါမြို့နယ်သည် အကြမ်းဖက်စစ်တပ်၏ အမာခံနယ်မြေများရှိပြီး ဟံသာဝတီ၊ကုက္ကာရွာ၊ မြောက်ခရန်ရွာတို့သည့် ပျူစောထီး အဖွဲ့အားကောင်းရာ ဒေသဖြစ် သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းက ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံရှင်းလင်းရာ သေဆုံးထိခိုက်မှုရှိပြီး လက်နက်တွေ ထပ်မံသိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိုက်လေယာဉ်တွေမှာ တပ်ဆင်တဲ့ ဒုံးကျည်တွေ အပါအဝင် စစ်လက်နက် ဒေါ်လာ သန်း ၂၅၀ ဖိုးလောက် ယူကရိန်းဆီ ထပ်မံ ထောက်ပံ့ ပေးပို့သွားဖို့ နယ်သာလန် နိုင်ငံက ကတိပြုခဲ့ပါတယ်။