Connect with us

Hi, what are you looking for?

News

မုန်တိုင်းဧရာဝတီနှင့်ရခိုင်ကမ်းရိုးတန်းများမှဖြတ်သန်းတိုက်ခိုက်​နေ၊ မုန်တိုင်း​နောက်ဆက်တွဲမိုးနှင့်​လေကိုဆက်လက်သတိထားရန် NUG သတိ​ပေး

လက်ရှိအခြေအနေတွင်ပင်လယ်ပြင်ငါးဖမ်းထွက်သည့် ရေလုပ်သားများအနေဖြင့်လည်း ဆက်လက်၍ လေပြင်းဘေး အထူးသတိပြုကြရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက သတိပေးထားသည်။

အပူပိုင်းမုန်တိုင်းသည်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့်ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှဖြတ်ကျော်ခဲ့ပြီးနောက်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နေ၍နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များကိုဆက်လက်သတိပြုနေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ထားသည်။

ဘဂ်လားပင်လယ်မှ အပူပိုင်းမုန်တိုင်းသည်ယနေ့(မတ်၂၂)နေ့လယ်ပိုင်းတွင်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကိုမော်တင်စွန်းထိပ်အနီးမှ ကပ်လျက် ဖြတ်ကျော်ပြီးနောက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ ဂွမြို့အနီးမှ ထပ်မံ ဖြတ်ကျော်နေသည်ဟု NUG၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်းဖြတ်သန်းသည့်မော်တင်စွန်းနှင့် ဂွကမ်းရိုးတန်းဒေများ၌ မုန်တိုင်းဒီရေမှာ ၅ပေမှ ၇ ပေခန့် မြင့်တက်နိုင်ကြောင်း၊မုန်တိုင်းငယ်အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးပြီး မိုးသက်လေပြင်းကျရောက်နိုင်​ကြောင်းလည်းဆက်လက် သတိပေးထားသည်။ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် အန္တ
ရာယ်များလည်း ရှိနိုင်၍မြေနိမ့်ပိုင်းနှင့်ကမ်းပါးများတွင် နေထိုင်ကြသူများ အနေဖြင့် သတိပြုနေထိုင်ကြပါရန်တိုက်တွန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးနှင့် လေပြင်းကျရောက်ခဲ့သည့် ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသများဖြစ်သည့်မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေတွင်ပင်လယ်ပြင်ငါးဖမ်းထွက်သည့် ရေလုပ်သားများအနေဖြင့်လည်း ဆက်လက်၍ လေပြင်းဘေး အထူးသတိပြုကြရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနက သတိပေးထားသည်။

“ကျွန်မတို့က မုန်တိုင်းသတိပေးချက်ကို အသေးစိတ်မရဘူး။ အရပ်ပြောလောက်ပဲ ကြားနေရတာ။နိုင်ငံရေးကမတည်ငြိမ်တဲ့အခါ မုန်တိုင်းသတင်းလည်း အာရုံမရောက်နိုင်ကြဘူး။ မိုးနဲ့လေ တိုက်လာမှ သတိလေးထားနေရတဲ့အဆင့်။လေ အရမ်းမပြင်းလို့ တော်သေးတယ်” ဟုဧရာဝတီတိုင်းပြင်စလူမြို့ဒေသခံအမျိုးသမီးတစ်ဦးက People’s Springသို့ပြောသည်။

အပူပိုင်းမုန်တိုင်းငယ်သည် မတ်လ ၂၃ရက်ကစတင်ကာ တဖြည်းဖြည်းအားလျော့သွားဖွယ်ရှိ၍ နောက်ရက်များတွင် ပုံမှန်နွေရာသီဥတုအခြေအနေ ဖြစ်လာနိုင်သည်ဟု မိုးလေဝသပညာရပ်ဆိုင်ရာ လေ့လာနေသူတစ်ဦးက ခန့်မှန်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။