Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယ်စပ်မှာ စစ်ရေး တင်းမာမှုတွေ လျှော့ချဖို့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေး

ဝမ်ရဲ့ ခရီးစဉ်ကို တရုတ်ရော၊ အိန္ဒိယကပါ ကြိုတင် ကြေညာမှု မရှိခဲ့ပါဘူး။ ဝမ်ဟာ အာဖဂန် နစ္စတန်ကနေတဆင့် ဒေလီမြို့တော်က လေဆိပ်တစ်ခုကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆိုက်ရောက်လာတာပါ။ သူရောက်ရှိပြီးမှ ဒီသတင်းကို အိန္ဒိယနဲ့ တရုတ် မီဒီယာတွေမှာ ဖော်ပြလာကြတာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်မှာ တပ်တွေ ပြန်ရုပ်သိမ်းရေး ကိစ္စကို အိန္ဒိယနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေ အလေးအနက် ဆွေးနွေးခဲ့ကြပါတယ်။

အာရှရဲ့ အင်အားကြီး အိမ်နီးချင်း နှစ်နိုင်ငံဟာ ဟိမဝန္တာနဲ့ ဆက်စပ်နေတဲ့ နယ်စပ် ဒေသတွေမှာ ပိုင်ဆိုင်မှု အငြင်းပွားတဲ့ ပြဿနာတွေ ရှိနေပါတယ်။ နှစ်နိုင်ငံ စလုံးက နယ်စပ်မှာ တပ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားပြီး မကြာသေးခင် နှစ်ပိုင်းတွေအတွင်း စစ်တပ်တွင်း သွေးထွက်သံယို များပြားတဲ့ ထိတွေ့မှုတွေပါ ဖြစ်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်က နယ်စပ်မှာ နှစ်ဖက် စစ်တပ်တွေ ရိုက်ကြနှက်ကြ ဖြစ်ရာက အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ နယ်စပ်နားမှာ သေနတ်မဖောက်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းထားတာကြောင့် ဒီပဋိပက္ခတွေမှာ သေနတ်တော့ မပစ်ခဲ့ကြပါဘူး။ ဟိမဝန္တာ တောင်ကြောပေါ်မှာ တရုတ်ရော၊ အိန္ဒိယပါ ထောင်နဲ့ချီတဲ့ စစ်သည်တွေ စေလွှတ်ထားပြီး တင့်ကားတွေ၊ တိုက်လေယာဉ်တွေပါ ဖြန့်ကျက်ထားပါတယ်။

မတ်လ ၂၅ ရက်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီဟာ အိန္ဒိယကို ရုတ်တရက် သွားရောက်ပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့ ၃ နာရီလောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဝမ်ရဲ့ ခရီးစဉ်ကို ကြိုတင် ကြေညာမထားခဲ့ပါဘူး။ ဒီခရီးစဉ်ဟာ ၂၀၂၀ က ပြဿနာနောက်ပိုင်း နှစ်နိုင်ငံကြားမှာ အဆင့်အမြင့်ဆုံး အစိုးရ အရာရှိတွေ တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုင်ရှန်ကာက သူဟာ ဝမ်နဲ့ တွေ့ဆုံချိန်မှာ နယ်စပ်က စစ်ရေး တင်းမာမှုတွေ လျှော့ချဖို့ အဓိက ဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။ တရုတ်နဲ့ အိန္ဒိယတို့ဟာ နယ်စပ်မှာ စစ်တပ်တွေ ရုပ်သိမ်းပြီး သံတမန် ဆက်ဆံရေးကို ပုံမှန်အဆင့် ပြန်တည်ဆောက်ဖို့လည်း ဆွေးနွေးသွားမယ်လို့ ဂျိုင်ရှန်ကာက ဆိုပါတယ်။ ၂၀၂၀ တုန်းက ပြဿနာတွေနောက်ပိုင်း တရုတ်နဲ့ အိန္ဒိယတို့ကြား ဆက်ဆံရေးမှာ အထစ်အငေါ့တွေ ရှိခဲ့ကြောင်းလည်း သူက ဝန်ခံပါတယ်။

ဝမ်ကတော့ ဒီတွေ့ဆုံမှု အပြီးမှာ မီဒီယာတွေနဲ့ မတွေ့ခဲ့ပါဘူး။ သူဟာ အိန္ဒိယ အစိုးရရဲ့ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ အဂျစ် ဒိုဗယ်လ်နဲ့လည်း ဆွေးနွေးခဲ့ပြီး ဒိုဗယ်လ်ကို ဘေဂျင်းမြို့တော်ဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ တရုတ်ကလည်း နယ်စပ် ပြဿနာကို စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းနဲ့ ဖြေရှင်းဖို့ လိုလားနေတယ်လို့ ယူဆနိုင်ပါတယ်။

ဝမ်ရဲ့ ခရီးစဉ်ကို တရုတ်ရော၊ အိန္ဒိယကပါ ကြိုတင် ကြေညာမှု မရှိခဲ့ပါဘူး။ ဝမ်ဟာ အာဖဂန် နစ္စတန်ကနေတဆင့် ဒေလီမြို့တော်က လေဆိပ်တစ်ခုကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ဆိုက်ရောက်လာတာပါ။ သူရောက်ရှိပြီးမှ ဒီသတင်းကို အိန္ဒိယနဲ့ တရုတ် မီဒီယာတွေမှာ ဖော်ပြလာကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။