Connect with us

Hi, what are you looking for?

News

ပြည်ပရောက်မြန်မာများ NUGကို ငွေကြေးမထောက်ပံ့ရန် အကြမ်းဖက် စစ်ကောင်စီတားမြစ်

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သံရုံး၏ ကြေညာချက်တွင် ပြည်ပရောက်မြန်မာများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် အပြုအမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဆိုပါက အကြမ်းဖက်မှု ပြစ်မှုနှင့် ငြိစွန်းမည်ဟု ခြိမ်းခြောက်ထားသည်။

(ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးအဖြစ် ဂျပန်ရောက်မြန်မာများ ဆန္ဒပြ တောင်းဆိုနေသည်ကို ၂၀၂၂ ဖေဖော်ဝါရီ၁ရက်က တွေ့ရစဥ်)

▪️တိုင်းပြည်တိုးတက်ပြောင်းလဲမှုကို ဖြစ်ပေါ်စေလို၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး တရားဝင်အစိုးရ မဟုတ်သည့်အတွက် အကျိုးသက်ရောက်မည်မဟုတ်ဟု ပြည်ပရောက်မြန်မာအချို့ပြော

ပြည်ပရောက်မြန်မာများက အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း၊ ရန်ပုံငွေကူညီထောက်ပံ့ခြင်းများ မလုပ်ကြရန် အကြမ်းဖက် စစ်ကောင်စီလက်အောက်ရှိ သံရုံးအချို့က ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါကြေညာချက်တွင် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အသင်းအဖွဲ့ ဖြင့်ဖြစ်စေ အတင်းအဓမ္မငွေကြေးကောက်ခံမှုများဆောင်ရွက်နေသည်ဟု စွပ်စွဲဖော်ပြထားမှုမှာ မှန်ကန်ခြင်းမရှိဘဲ ပြည်ပရောက်မြန်မာများက မြန်မာပြည်ကို စစ်ကျွံဘ၀မှ လွတ်မြောက်ကာ တိုးတက်ပြောင်းလဲစေလိုသည့် ကိုယ်ပိုင်အသိများဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။

“အစ်မသိရသလောက်တော့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ အတင်းအကြပ် ကောက်ခံတာမျိုး မရှိဘူး။ ကောက်ခံလို့လည်း ဒါမျိုးက ရတဲ့အရာမဟုတ်ဘူး။ ကိုယ်တိုင်က ပါဝင်ချင်လွန်းလို့၊ ပေးချင်လွန်းလို့ ဘယ်ကနေ ဘယ်လို ပို့လို့ရလဲဆိုတာ သိရတာနဲ့ အားတက်သရောပါနေကြတာ” ဟု စင်ကာပူ နိုင်ငံရောက် ဒေါ်မေကျော်စိုးညွန့်က မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ သံရုံး၏ ကြေညာချက်တွင် ပြည်ပရောက်မြန်မာများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် အပြုအမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဆိုပါက အကြမ်းဖက်မှု ပြစ်မှုနှင့် ငြိစွန်းမည်ဟု ခြိမ်းခြောက်ထားသည်။

ယင်းကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟု ဖော်ပြမထား သော်လည်း အကြမ်းဖက်စစ်ကောင်စီက NUG ကို ရည်ရွယ်ထားခြင်းဖြစ်သည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ဘာသာ စာထုတ်နေသော်လည်း ပြည်ပရောက် မြန်မာများက ၎င်းတို့ကို မြန်မာနိုင်ငံ၏တရားဝင်အစိုးရအဖြစ် သတ်မှတ်ခြင်းမရှိသဖြင့် နွေဦး တော်လှန်ရေးတွင် ပါဝင်နေသော ပြည်ပရောက်မြန်မာများအပေါ် သက်ရောက်မှုရှိမည်မဟုတ် ကြောင်း ဂျပန်နိုင်ငံရောက် မခင်ဦးက သုံးသပ်သည်။

“ရန်ပုံငွေ လှူဒါန်းတာက တစ်ယောက်တည်းက လုပ်တာမဟုတ်ဘဲ။ ဒီမှာရှိတဲ့လူတိုင်းနီးပါးက အလှူငွေကောက်တာတို့၊ စျေးရောင်းတာတို့ လုပ်နေကြတာ ကိုယ့်ဘာသာ လုပ်နေကြတာ” ဟု ၎င်းက ဆိုသည်။

ရောက်ရှိနေသည့် နိုင်ငံ၏ ဥပဒေကို မချိုးဖောက်ပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်နေမှုများကို ယခင်ကတည်းက စိတ်ဝင်စားခြင်းမရှိကြောင်း ဒေါ်မေကျော်စိုးညွန့်က ပြောသည်။

“ပြည်ပရောက်မြန်မာတွေအားလုံးက ကိုယ့်နိုင်ငံကိုတိုးတက်တဲ့နိုင်ငံကြီးဖြစ် စေချင်တာ။ သူများ နိုင်ငံမှာ နေနေပေမယ့် ကိုယ့်ဒီမှာ စိတ်လုံခြုံမှုအပြည့်တွေ၊ စားသောက်နေထိုင်ရတဲ့ အဆင့်အတန်းအကုန်လုံးကို ကိုယ့်မြန်မာ ပြည်သူ အားလုံးကို ခံစားစေချင်၊ ဖြစ်စေချင်တာ။ တစ်ချိန်မှာ ဖြစ်လာလိမ့်မယ်လို့ အစ်မတို့ မျှော်လင့်ထားတယ်။ အစ်မလိုပဲ အားလုံးက မျှော်လင့်ခဲ့ကြလို့ မဲပေးတာက အစ အကုန်လုံးကို လုပ်ခဲ့ကြတာ။ အရမ်းကို ပြောင်းလဲစေချင်လို့။ အစ်မတို့ မျှော်လင့်တဲ့ နိုင်ငံကို ရောက်ဖို့ဆိုရင် အစ်မတို့ ကိုယ်တိုင်က ရှိသမျှ အင်အားတွေ အကုန်ထုတ်သုံးပြီး ပံ့ပိုးမှ ရမယ်ဆိုတဲ့စိတ်နဲ့ အစ်မကတော့ လုပ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကို ပြည်သူရွေးချယ်တင်မြှောက်ထားသည့် အစိုးရ၏ အုပ်ချုပ်မှု၊ ထိန်းချုပ်မှုအောက်တွင်သာ အမြဲရှိစေလိုပြီး ပြည်သူလူထုအထက်မှ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် စစ်တပ်ကို အလိုမရှိ တော့ကြောင်း ဒေါ်မေကျော်စိုးညွန့်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။