Connect with us

Hi, what are you looking for?

News

ဆပ်​ကြေးကိစ္စစကားများရာမှ SNAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တိုက်ပွဲဖြစ်

“ရှမ်းနီအဖွဲ့က လုပ်ငန်းရှင်ငါးဦးကို ဆပ်ကြေးတောင်းတဲ့စာတွေ လာဖြန့်ဝေတာ။ မြို့ပေါ်အထိတက်ပြီးဆပ်ကြေးလာတောင်းတာ။ လုပ်ငန်းရှင်တွေက စစ်တပ်ကိုလည်းပေးရတော့နှစ်ကောင်(စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့)ငြိပြီး တိုက်ပွဲဖြစ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

(SNA တပ်ဖွဲ့ဝင်များ)

ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာခြင်းမရှိ၍ ဒေသခံများက ပြစ်တင်ဝေဖန်နေသည့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် လူထုအပေါ် ဆပ်ကြေးကောက်ရာမှ အဝေမတည့်ဖြစ်ကာ ခန္တီးမြို့တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဧပြီ၁၀ ရက် နံနက်က တိုက်ပွဲဖြစ်ပြီး ရှမ်းနီအဖွဲ့ဘက်က နှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရှမ်းနီအဖွဲ့က လုပ်ငန်းရှင်ငါးဦးကို ဆပ်ကြေးတောင်းတဲ့စာတွေ လာဖြန့်ဝေတာ။ မြို့ပေါ်အထိတက်ပြီးဆပ်ကြေးလာတောင်းတာ။ လုပ်ငန်းရှင်တွေက စစ်တပ်ကိုလည်းပေးရတော့နှစ်ကောင်(စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့)ငြိပြီး တိုက်ပွဲဖြစ်တာ” ဟု ဒေသခံတစ်ဦးကပြောသည်။

SNAအ​ခြေစိုက်စခန်းရှိသည့်မိုင်းနောင်ရွာ စခန်းကို ဧပြီ ၁၀ရက် နံနက် သုံးနာရီတွင် စစ်ကောင်စီတပ်ကဝင်တိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။SNAဘက်ကနှစ်ဦးသေကာ နှစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားသည်။

Public Service Announcement

Public Service Announcement

အပစ်ရပ်လက်မှတ်ထိုးမထားသည့်ရှမ်းနီအမျိုးသားများတပ်မတော်သည် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းပြီးနောက် ငြိမ်ချက်သားကောင်းနေပြီး ပြည်သူ့တော်လှန်ရေးတွင်ပါဝင်မလာကြောင်း ဒေသခံများက ပြစ်တင်ဝေဖန်နေသည်။

SNA သည် စစ်ကိုင်းတိုင်တွင်ပါ KIA သြဇာကြီးမားလာမည်ကိုမလိုလား​သော စစ်တပ်ကပင် ​ကျော​ထောက်​နောက်ခံပြု ဖွဲ့စည်း​ပေးခဲ့​သောတပ်ဖြစ်​ကြောင်း ​ဒေသခံနိုင်ငံ​ရေး​လေ့လာသူတစ်ဦးက​ပြောသည်။ ထို​ကြောင့် စစ်တပ်နှင့် SNA မှာ တိုက်ပွဲဖြစ်ပွားမှုနည်းပြီး SNA သည်အစဥ်အဆက်စပ်တပ်နှင့်နီးကပ်​သောဆက်ဆံ​ရေးရှိသည်။
SNA လှုပ်ရှားသည့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဟုမ္မလင်းမြို့နယ်တွင် တပ်မတော်ယာဉ်တန်းတစ်ခုကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်ကိုလည်း SNAက ဝေဖန်ခဲ့ဖူး၍ လူထု၏ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရဖူးသည်။

၂၀၂၁ဇန်နဝါရီလ ၁၈ရက်နက အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုသည် ရှမ်းနီဒေသတွင် အခြားလက်နက်ကိုင်တစ်ခု ကြီးစိုးလာမည့် အန္တရာယ်ဖြစ်ကြောင်း SNAက သတင်းထုတ်ပြန်ခဲ့သည်။

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းနီက ပိုအတင့်ရဲလာတယ်။ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မှာ တစ်ရွာကို ငါးယောက် လူစုဆောင်းတယ်။ စက်လှေတစ်စီးကို ၁၅သိန်းတောင်းတယ်။ အခုက မြို့ပေါ်အထိ တက်ပြီး ဆပ်ကြေးတောင်းတာ။တော်လှန်ရေးမှာလည်း မပါဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။

ခန္တီးဒေသတွင်အကြမ်းဖက်စစ်ကောင်စီက လူထုထံမှ နည်းမျိုးစုံငွေတောင်းနေသလို SNA၏ အနိုင်ကျင့်ခြင်းကိုလည်း ကြုံတွေ့နေရသည်ဟု ဒေသခံများက​ပြောသည်။

ရှမ်းနီတိုင်းရင်းသားအမျာအပြားရှိသော ခန္တီးမြို့သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အားမကောင်းသော်လည်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့-ခန္တီးPDFကို ဖွဲ့စည်းပြီးဖြစ်သည်။ခန္တီးPDFသည် လွတ်မြောက်နယ်မြေတစ်ခုတွင် လှုပ်ရှားနေပြီး မကြာမီ တိုက်ပွဲဝင်မည်ဟု သတင်းကြားရကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။