Connect with us

Hi, what are you looking for?

သတင်း

Isuzuမော်တော်ယာဉ်လုပ်ငန်းရပ်ဆိုင်း​တော့မယ်

မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ်လုပ်ငန်းရပ်ဆိုင်းတော့မယ်လို့ ကြေညာပါတယ်။

နို၀င်ဘာ-၁၄၊၂၀၂၆။ဇော်၀င်း/People’s Spring

မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက်အောက်က Isuzu မော်တော်ယာဉ်လုပ်ငန်းရပ်ဆိုင်းတော့မယ်လို့ ကြေညာပါတယ်။

အဖွဲ့ဝင်တွေရဲ့ဆန္ဒအလျောက်ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာ မြန်မာနိုင်ငံဒေဝါလီခံခြင်း ဥပဒေပုဒ်မ ၂၁၁(က) အရ ISUZU TRUCK SERVICE FACTORY (MYANMAR) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုင်ရာ ကုမ္ပဏီရဲ့ နောက်ဆုံးအထွေထွေအစည်းအဝေးကိုလာမယ့်ဒီဇင်ဘာ ၁၄ ရက်မှာပြုလုပ်မယ်လို့ နိုဝင်ဘာ ၁၃ ရက်ထုတ်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ရဲ့စာရင်းအချက်အလက်တွေမှာ ISUZU TRUCK SERVICE FACTORY (MYANMAR) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ISUZU TRUCK နဲ့ပတ်သက်တဲ့ စက်ယန္တရားနဲ့ စက်ပစ္စည်းကိရိယာတွေထုတ်လုပ်တာ၊မော်တော်ယာဉ်တွေ ၊နောက်တွဲယာဉ်နဲ့ တစ်ပိုင်းနောက်တွဲယာဉ်တွေထုတ်လုပ်တာ၊အခြားသယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်တာ၊စက်ယန္တရားနဲ့ စက်ပစ္စည်းကိရိယာတွေ ပြုပြင်တပ်ဆင်တာ အပါအ၀င်မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေလက်ကားနဲ့ လက်လီရောင်းဝယ်ပြုပြင်ဖို့DICAရဲ့ခွင့်ပြုချက်မှာတွေ့ရပါတယ်။

ISUZU TRUCK SERVICE FACTORY(မြန်မာ)ဖျက်သိမ်းမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာကုမ္ပဏီကို လူထုနွေဦးကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင်စင်ကာပူအစိုးရလက်အောက်ခံ မြို့ပြစီမံကိန်း၊အင်ဂျင်နီယာနဲ့အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ မြန်မာနိုင်ငံကထွက်ခွာမယ်လို့နိုဝင်ဘာ၁၂ ရက် ကြေညာထားပါတယ်။

အဲဒီကုမ္ပဏီဟာ ဒဂုံဆိပ်ကမ်း မြို့ပြအိမ်ရာ၊ ကန်တော်ကြီးငါးပြတိုက်၊ပြည်လမ်းမြေအောက်လူကူးလမ်း၊ဟံသာဝတီလေဆိပ်၊ ကျောက်ဖြူစက်မှုဇုံ နဲ့ ဆိပ် ကမ်း၊ ပဲခူးစက်မှုဇုံ စသဖြင့် စီမံကိန်း များ စွာ မှာ မာစတာပလန်က စ လို့ စီမံကိန်း စီမံခန့်ခွဲ မှုအထိ ပါဝင် ဆောင် ရွက်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်းကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ စီးပွားရေးအကြံ ပေး ဝန်ဆောင်မှုလုပ်ငန်းကွန်ရက်ကြီး Price waterhouseCoopers (PwC)က မြန်မာက ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှယ်ယာတွေကို ရောင်းချသွားပြီး မြန်မာ့စျေးကွက်ကနေ ထွက်ခွာတော့မယ်လို့ လူသုံးကုန်နဲ့ စားသောက်ကုန်လုပ်ငန်းစုကြီးUnileverက မကြာသေးမီရက်ပိုင်းကအတည်ပြုခဲ့ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ အပြင်ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းနေရမှုတွေ ဆက်တိုက်ဖြစ်နေပြီး ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ခရီးသွားကုမ္ပဏီတွေ၊ထုတ်ကုန်လုပ်ငန်းတွေ၊အိပ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေဟာ ရပ်နားပြီလို့ လတ်တလော သတင်းစာတွေထဲ မှာ ပါရှိပါတယ်။

ဒေါ်လာငွေ ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေ၊ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းမြင့်တက်မှု)နဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာတွေ က စီပွားရေးပြိုလဲနေမှုရဲ့အဓိကအခက်အခဲဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ