Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြ​ည်သူ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြ​ည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ဦးမှာ စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြ​ည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ဦးမှာ စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၄၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြ​ည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ဦးမှာ စိုးရိမ်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၃ နာရီကျော်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပါရာမော်တာ ၁စီးဟာ ဘုတလင်မြို့နယ်၊ တွင်းတော်ရွာနဲ့ ချပ်ကလေးရွာကြား ဆင်ဝတ်ဘုရားအနီးကို အကြောင်းမဲ့ ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူနေအိမ်‌ပေါ်မဟုတ်ပါဘူး။ ၂ရွာကြား လမ်ပေါ်မှာပါ။ ပြင်းထန်၁ဦးကတော့ ဝမ်းဗိုက်ထိဒဏ်ရာရတာပါ”လို့ ကိုဇင်မင်းသန်းက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်ကလည်း မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၁စီးဟာ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး ၆ဦး သေဆုံးခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း စစ်ကိုင်းတိုင်းထဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါသေးတယ်။ ယခုနိုဝင်ဘာလထဲမှာတော့ မိုးကောင်းနေတာကြောင့် လေကြောင်းတိုက်ခိုက်မှု အနည်းငယ်ကျဲသွားခဲ့ရာကနေ ရာသီဥတုပြန်ကောင်းလာချိန် လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်လုပ်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ