Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိုက်အခံအားလုံး အစိုးရနဲ့ ပူးပေါင်းလိုက်ကြောင်း နာအူရူး သမ္မတပြော၊ အတိုက်အခံမဲ့ လွှတ်တော်ဖြစ်လာ

အတိုက်အခံ အမတ်အားလုံး သူ့ရဲ့ အစိုးရ အဖွဲ့မှာ လာရောက် ပူးပေါင်းခဲ့ကြကြောင်း နာအူရူး နိုင်ငံရဲ့ သမ္မတက ပြောကြားခဲ့ပါတယ်။ အကျိုးဆက်အဖြစ် လွှတ်တော်ထဲမှာ အတိုက်အခံ တစ်ယောက်မှ မရှိတော့ဘူးလို့ သမ္မတ ဒေးဗစ် အဒီယန်းက ဆိုပါတယ်။

ဓာတ်ပုံ - AP

အတိုက်အခံ အမတ်အားလုံး သူ့ရဲ့ အစိုးရ အဖွဲ့မှာ လာရောက် ပူးပေါင်းခဲ့ကြကြောင်း နာအူရူး နိုင်ငံရဲ့ သမ္မတက ပြောကြားခဲ့ပါတယ်။ အကျိုးဆက်အဖြစ် လွှတ်တော်ထဲမှာ အတိုက်အခံ တစ်ယောက်မှ မရှိတော့ဘူးလို့ သမ္မတ ဒေးဗစ် အဒီယန်းက ဆိုပါတယ်။

ဒီလိုမျိုး ကြုံနေကျ မဟုတ်တဲ့ အခြေအနေက နာအူရူးရဲ့ နိုင်ငံရေး အသိုက်အဝန်းက စည်းလုံးပြီး တည်ငြိမ်မှုရှိတာ၊ တူညီတဲ့ ရည်မှန်းချက်တွေကို မျှဝေလက်ခံထားတာတွေကို ထင်ဟပ်စေတယ်လို့လည်း သမ္မတက နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လွှတ်တော်ထဲမှာ ရှိသမျှ အမတ် ၁၉ ယောက်စလုံး အစိုးရ ဘက်တော်သားတွေ အနေနဲ့ ရပ်တည်လိုက်တဲ့အခါ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးရဲ့ လွှတ်တော်ဟာ အတိုက်အခံမဲ့ဇုန် ဖြစ်သွားပါတယ်။

နာအူရူးမှာ နိုင်ငံရေး ပါတီဆိုတာ မရှိတာကြောင့် အမတ်အားလုံးဟာ တစ်သီးပုဂ္ဂလ ယှဉ်ပြိုင် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မနှစ်က အောက်တိုဘာလလယ်မှာ လွှတ်တော်သစ်ရဲ့ ပထမဆုံး အစည်းအဝေးကို ကျင်းပချိန်မှာ လွှတ်တော်က အဒီယန်းရဲ့ ဒုတိယ သမ္မတ သက်တမ်းအတွက် ဆန့်ကျင်သူမရှိ တင်မြှောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် လွှတ်တော်ထဲမှာ အစိုးရကို ထောက်ခံတဲ့ အင်အားစုနဲ့ အတိုက်အခံ အင်အားစုနှစ်ခု ရပ်တည်ခဲ့ပါတယ်။ အတိုက်အခံတွေဖက်မှာ အမတ် ၆ ဦး ရှိခဲ့ပါတယ်။ နောက်တော့ ၄ ဦးက အစိုးရနဲ့ ပူးပေါင်းခဲ့ပြီး နောက်ဆုံးလက်ကျန် ၂ ဦးကပါ အခုအခါ အစိုးရဖက်က ရပ်တည်ဖို့ ရွေးချယ်လိုက်တာလို့ အဒီယန်းက ပြောပါတယ်။

အတိုက်အခံ အမတ်တွေ ဘာကြောင့် သဘောထား ပြောင်းသွားခဲ့သလဲ ဆိုတာကိုတော့ သမ္မတက အတိအကျ မပြောခဲ့ပါဘူး။ အဒီယန်းက အမတ်အားလုံးဟာ နိုင်ငံရဲ့ အကျိုးစီးပွားကို ဦးစားပေးကြဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ပဲ Facebookမှာ ရေးသားထားခဲ့ပါတယ်။

လူဦးရေ ၁၂၁၀၀ လောက်သာရှိတဲ့ ကျွန်းနိုင်ငံ သေးသေးလေးဟာ ကုလသမဂ္ဂ (UN)မှာ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ပြီး ဩစတြေးလျ ကမ်းရိုးတန်းရဲ့ အရှေ့မြောက်ဖက်၊ ဆော်လမွန်ကျွန်းစု နိုင်ငံနားမှာ တည်ရှိပါတယ်။ ဒေသတွင်းက ကျွန်းနိုင်ငံ အများအပြားဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထွန်းကားပေမယ့် နာအူရူးမှာတော့ အခြေခံ အဆောက်အအုံ ကန့်သတ်ချက်တွေ၊ ဝေးလံသီခေါင်မှု၊ ဖော့စဖိတ် ဓာတ်သတ္တု တူးဖော်ရာက ဖြစ်ပေါ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကြောင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်တွေလည်း အရောက်အပေါက် နည်းပါတယ်။

ဒါပေမဲ့ ပစိဖိတ်တောင်ပိုင်းမှာ ဩဇာဖြန့်ကျက် လွှမ်းမိုးဖို့ အပြိုင်အဆိုင် ကြိုးစားမှုတွေနဲ့အတူ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နာအူရူးအပေါ် နိုင်ငံကြီးတွေရဲ့ အာရုံစိုက်မှုက ပိုမို မြင့်တက်လာပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ နာအူရူး အစိုးရဟာ ထိုင်ဝမ်နဲ့ သံတမန်ရေး ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး အဲဒီအချိန်ကစလို့ ဒေသတွင်းမှာ တရုတ်ရဲ့ ဆက်ဆံရေး အနွေးထွေးဆုံး မိတ်ဖက် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။

တစ်ဖက်မှာလည်း တရုတ်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးစားနေတဲ့ ဩစတြေးလျ အစိုးရဟာ ၂၀၂၄ ခုနှစ်ထဲမှာ သမ္မတ အဒီယန်းရဲ့ အစိုးရအတွက် မက်မောလောက်စရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးနိုင်အောင် စည်းရုံးနိုင်ခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ နာအူရူး အစိုးရဟာ တရုတ်နဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီမှု တစ်ခုခု ရယူတဲ့အခါ ဩစတြေးလျရဲ့ ခွင့်ပြုချက်ကို ရယူဖို့ လက်ခံ ကတိပြုခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ