Connect with us

Hi, what are you looking for?

သတင်း

မြေပြင်ပွတ်တိုက်မှုတွေ ညှိနှိင်းဖြေရှင်းရေးယန္တရား ဖွဲ့စည်းကြောင်း NUCC ထုတ်ပြန်

တော်လှန်ရေးအင်အားစုများအကြား မြေပြင်ပွတ်တိုက်မှုများကို လက်နက်အင်အားအသုံးမပြုဘဲ တရားမျှတစွာ ညှိနှိင်းဖြေရှင်းနိုင်ဖို့ မြေပြင်ပွတ်တိုက်မှုများ ညှိနှိင်းဖြေရှင်းရေးယန္တရားကို ဖွဲ့စည်းလိုက်ကြောင်း​တော်လှန်​ရေးအင်အားစု​တွေကထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ-၁၄၊၂၀၂၆။ထားမြတ်/People’s Spring

တော်လှန်ရေးအင်အားစုများအကြား မြေပြင်ပွတ်တိုက်မှုများကို လက်နက်အင်အားအသုံးမပြုဘဲ တရားမျှတစွာ ညှိနှိင်းဖြေရှင်းနိုင်ဖို့ မြေပြင်ပွတ်တိုက်မှုများ ညှိနှိင်းဖြေရှင်းရေးယန္တရားကို ဖွဲ့စည်းလိုက်ကြောင်း​တော်လှန်​ရေးအင်အားစု​တွေကထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ယန္တရားကို နိုဝင်ဘာ ၁၂ရက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီးအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရနဲ့ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ကိုယ်စားလှယ်တွေ ပါဝင်ကြောင်း အသိပေးပါတယ်။

မြေပြင်ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖွဲ့စည်းတာဟာ အရပ်သားပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ဖို့လည်း ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ယန္တရား ဖွဲ့စည်းလိုက်တဲ့ ရည်ရွယ်ချက် ၄ ရပ်ကိုလည်း​ဖော်ပြထားပါတယ်။

မြေပြင်ပွတ်တိုက်မှုများ လျော့ပါးစေရေး ပေါင်းစပ်ညှိနှိင်းဆောင်ရွက်နိုင်ဖို့၊အရပ်ဘက်-စစ်ဘက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မူဘောင်များအား လေးစားလိုက်နာစေရေးတွန်းအားပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင်ဖြစ်ပေါ်လာတဲ့ ပွတ်တိုက်မှုများကို လက်နက်အားကိုးဖြင့် မဖြေရှင်းဘဲ ဥပဒေစိုးမိုးရေးမူဘောင်အတွင်းမှတရားမျှတစွာ ထိန်းကျောင်းဖြေရှင်းဖို့၊ မြေပြင်ပွတ်တိုက်မှုများကြောင့် အရပ်သားပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူ့အခွင့်အရေးများ ထိခိုက်နစ်နာမှု မရှိစေရေး၊ ပြည်သူ့ဘဝလုံခြုံရေးကိစ္စရပ်များကုစားပေး နိုင်ရေး အစီအမံများ အကြံပြုတိုက်တွန်းရေ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်းအသိပေးထားပါတယ်။

အဲဒီလို ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့ သက်ဆိုင်ရာအဖွဲအစည်းများနဲ့ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းပါတယ်။

မြေပြင်ပွတ်တိုက်မှုများ ညှိနှိင်းဖြေရှင်းရေးယန္တရားမှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်တွေကိုလည်း ဖော်ပြခဲ့ရာ NUCCက ဦးတိုးကျော်လှိုင်၊ ခွန်မြင့်ထွန်း၊ ဒေါ်နှင်းနှင်းမွှေးတို့ပါဝင်ပြီးNUGကပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်နဲ့ အခြားတာဝန်ရှိသူတွေဖြစ်တဲ့ ဦးမောင်မောင်ဆွေ၊ ဦးရဲထွဋ်၊ ရဲဘော်ဘမှိုင်း စသူတွေ ပါဝင်ပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရက ဒေါက်တာအောင်နေဝင်း၊ဦးမိုးကောင်း၊ဦးမိုးမင်းဝင်း၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ က ဦးချစ်ဝင်းမောင်၊ ဦးလက်ယာ၊ ဦးကျော်ကျော်ထွန်း၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကဦးမြင့်အောင်မိုး၊ ဦးအောင်မျိုးလတ်၊ ဒေါက်တာအောင်ကျော်ဦးတို့ ပါဝင်ပါတယ်။ SRA တပ်ပေါင်းစုက BPLA တပ်မှူး ကိုဆောင်းခနဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ခွန်လားဘွယ် တို့ ပါဝင်ပါတယ်။

အရင်က တော်လှန်ရေးတပ်အချင်းချင်းကြား ဖြစ်ခဲ့တဲ့ ပြဿနာတွေကို တဖွဲ့ချင်းစီတွေ့ဆုံဆွေးနွေးအဖြေရှာတာမျိုး လုပ်ဆောင်ခဲ့ဖူးပေမဲ့ အခုအခါမှာ ယန္တရားတခုဖွဲ့စည်းကာ သက်ဆိုင်ရာအဖွဲ့တွေက ကိုယ်စားလှယ်တွေပါဝင်စေပြီး ပြဿနာတွေ ဖြစ်လာရင်ဖြေရှင်းဖို့ ကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ