Connect with us

Hi, what are you looking for?

News

ဓနုလူထုကို ​သွေးခွဲရန် စစ်ကောင်စီက ဓနုတပ်(Danu Army)ဖွဲ့စည်းနိုင်ရေး ခြေလှမ်းစတင်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စစ်ကောင်စီအား ခုခံတော်လှန်စစ်အားကောင်းလာနေချိန်တွင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့အနေဖြင့် ဓနုတပ်(Danu Army) ကို ဖွဲ့စည်းရန် ကြိုးစားလာခြင်းဖြစ်သည်။

(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့နှင့် စစ်ကောင်စီခေါင်းဆောင်တွေ့ဆုံသည့်မှတ်တမ်း)

▪️စစ်ကောင်စီကို တော်လှန်မည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှလွဲ၍ မည်သည့်တပ်မှ လက်မခံဟု ဒေသခံများပြော

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ နိုင်ငံရေးပါတီအချို့ကို အသုံးချကာ ဓနုတပ်(Danu Army)ဖွဲ့စည်းရန် စစ်ကောင်စီက ကြိုးစားနေပြီး ယင်းလုပ်ရပ်သည် ဓနုတိုင်းရင်းသားထုကို လုံးဝကိုယ်စားမပြုဟု ဒေသခံများက ပြောကြားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စစ်ကောင်စီအား ခုခံတော်လှန်စစ်အားကောင်းလာနေချိန်တွင် စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့အနေဖြင့် ဓနုတပ်(Danu Army) ကို ဖွဲ့စည်းရန် ကြိုးစားလာခြင်းဖြစ်သည်။

” စစ်တပ်က ဓနုတွေကို သွေးခွဲဖို့ ခြေလှမ်းစလာပြီ။ ဓနုတပ်ဆိုပြီး ဖွဲ့ဖို့ လုပ်နေတယ်။ ကျွန်တော်တို့ ခပ်ပြတ် ပြတ်ပြောမယ်။ စစ်ကောင်စီက ဖွဲ့စည်းပေးတဲ့ ဘယ်အဖွဲ့မဆို ဓနုဒေသမှာ လူတောမတိုးဘူး။ ဓနုတွေက လုံးဝအသိအမှတ်မပြုဘူး။ ဓနုဒေသကို လုံးဝကိုယ်စားမပြုဘူး”ဟု ရွာငံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဓနုတပ်( Danu Army)ကို ဖွဲ့စည်းရန် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(DNDP) ထိပ်တန်းခေါင်းဆောင်ပိုင်းအချို့နှင့် ကြံ့ခိုင်ရေးပါတီဝင်အများစုပါသည့် ဒေသခံစီးပွားရေး သမားအချို့ကို စစ်ကောင်စီက စည်းရုံးထားပြီး မကြာမီ ဖွဲ့စည်းမည်ဟု သတင်းများထွက်ပေါ်နေသည်ဟု ဒေသတွင်း ပြည်သူ့ကာကွာ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက်စာမျက်နှာ Voice Of Pindayaက ယနေ့(ဧပြီ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။

“ပြီးခဲ့တဲ့လတွေ ကတည်းက ဓနုဒေသမှာ စစ်ကောင်စီခန့် ဒေသဥက္ကဋ္ဌမှ ဦးဆောင်ပြီးပျူစောထီးဖွဲ့ ဖို့ လိုက်လံစည်းရုံး မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ပျူစောထီးဖွဲ့ ဖို့ရယ်လို့ ပေါ်တင် မစည်းရုံးပဲ ကာကွယ်ရေးတပ်ဖွဲ့လိိုလို၊ ဓနုတပ် လိုလိုခေါင်းစဥ်ပြောင်းပြီးစည်းရုံးမှုတွေ လုပ်နေတာဖြစ်ပါတယ်”ဟု Voice Of Pindayaက ထုတ်ပြန်ထားသည်။

ဓနုတပ်(Danu Army) ဖွဲ့မည်ဟုဆိုကာ ရွာငံမြို့နယ်အတွင်း ကျေးရွာများတွင် စစ်ကောင်စီက လိုက်လံစည်းရုံးနေကြောင်း၊ တစ်ရွာလျှင် အမျိုးသား ၁၃ဦးရရှိအောင် ကျေးရွာအုပ်ချုပ်ရေးမှုးမှတစ်ဆင့် စစ်ကောင်စီက ဖိအားပေးခိုင်းစေထားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒေသခံလူမျိုးအချင်းချင်း ပြန်တိုက်ခိုက်ခိုင်းတဲ့ ဗျူဟာကို စကစ ကပေါ်ပေါ်တင်တင်သုံးစွဲလာပြီဖြစ်တယ်”ဟု Voice Of Pindayaက မှတ်ချက်ပြုထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည် ပင်းတယနှင့်ရွာငံတွင် စစ်ကောင်စီအား ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့အဖြစ် ပင်းတယမြို့ပြပြောက်ကျား တပ်ဖွဲ့ (UGP) နှင့် ရွာငံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)တို့အပြင် အခြားမြေအောက်တော်လှန် ရေးအဖွဲ့အချို့လည်းရှိ ဖွဲ့စည်းထားသည်။

UGPနှင့် YPDFသည် မဟာမိတ်အဖြစ် ပူးပေါင်းထားပြီးအမျိုးသားညီညွှတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသော လမ်းစဉ်အတိုင်း သစ္စာအဓိဌာန် (၄) ချက်နှင့်အညီ စစ်အာဏာရှင်ကို အတူတကွ တိုက်ပွဲဝင်သွားမည်ဟု ပူးတွဲကြေငြာချက်ထုတ်ပြန်ထားသည်။

“စစ်ကောင်စီကို တော်လှန်နေတဲ့အဖွဲ့တွေကလွဲလို့ စစ်ကောင်စီက ဖွဲ့မယ့် ဘာတပ်၊ညာတပ်မှ ဓနုလူမျိုးတွေကို ကိုယ်စားမပြုဘူး”ဟု ဓနုတိုင်းရင်းသားတစ်ဦးကလည်း မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။