Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်း၊ ဝယ်ယူခြင်းမပြုလုပ်ရန် မိုးဗြဲ PDF ပညာပေးစည်းရုံး

စစ်ကောင်စီထုတ်ကုန်များ ထပ်မံတင်သွင်းရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်းများမပြုလုပ်ရန် မိုးဗြဲမြို့ပေါ်ရှိ စျေးဆိုင်ခန်းများနှင့် ကုန်စုံဆိုင်ကြီးများကို ပညာပေးစည်းရုံးခြင်း၊ ထုတ်ပြန်ချက်စာစောင်များကပ်ခြင်းများပြုလုပ်ခဲ့ကြောင်း PDF က အသိပေးထားသည်။

ဓာတ်ပုံ - မိုးဗြဲ PDF

စစ်ကောင်စီ၏ ထုတ်ကုန်များကို ရောင်းချခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ရန် တိုက်တွန်းသည့် လှုပ်ရှားမှုကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF)က မေလ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်သည်။

စစ်ကောင်စီထုတ်ကုန်များ ထပ်မံတင်သွင်းရောင်းချခြင်း၊ ဝယ်ယူသုံးစွဲခြင်းများမပြုလုပ်ရန် မိုးဗြဲမြို့ပေါ်ရှိ စျေးဆိုင်ခန်းများနှင့် ကုန်စုံဆိုင်ကြီးများကို ပညာပေးစည်းရုံးခြင်း၊ ထုတ်ပြန်ချက်စာစောင်များကပ်ခြင်းများပြုလုပ်ခဲ့ကြောင်း PDF က အသိပေးထားသည်။

“စျေးဆိုင်ရောင်းသူများအပါအဝင် စျေးဝယ်ယူသူ မိဘပြည်သူများအနေဖြင့်လည်း စစ်ကောင်စီထုတ်ကုန်များအား ထပ်မံတင်သွင်းရောင်းချခြင်း ဝယ်ယူသုံးစွဲခြင်းများ မပြုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းမှ ကူညီပေးကြပါလို့ထပ်မံတိုက်တွန်းလိုပါသည်။”ဟု မိုးဗြဲ PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် မိုးဗြဲမြို့နယ်အတွင်း၌ နေထိုင်သူများအနေဖြင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်း၊ ဝယ်ယူသုံးစွဲခြင်းများ မပြုလုပ်ရန်နှင့် PDFက ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်များကို လိုက်နာပေးရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။