Connect with us

Hi, what are you looking for?

News

ရွှေကူမြို့နယ်တိုက်ပွဲ စစ်ကောင်စီခြေလျှင်စစ်ကြောင်း ထိခိုက်သေဆုံးမှုများဟုဆို

လက်ရှိတွင် စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းကျေးရွာဦးမှတစ်ဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။

(၄၀)မမဗုံးသီးများ သိမ်းဆည်းရမိကြောင်း မြို့လှKPDF ထုတ်ပြန်

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျှင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြီး (၄၀) မမဗုံးသီးများ သိမ်းဆည်းရမိကြောင်း မြို့လှ KPDF က ထုတ်ပြန်သည်။

ယနေ့ (မေ ၂၂ ရက်) နံနက် ၈နာရီခွဲခန့်တွင် အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သည် ရွှေကူမြို့ နယ် သင်္ဘောအင်းရွာမှ မိုးစစ်ကျေးရွာဖက်သို့ ခြေလျှင်ဆုတ်ခွာလာစဥ် H-22 လက်လုပ်ရှေ့ထွက်မိုင်း ခြောက်လုံးဖြင့် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှထိခိုက် ကျဆုံးမှုအများအပြားရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပွဲဖြစ်ရာနေရာသို့ မြို့လှ KPDF အရံတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရာ လက်ထောက်ကျည် (40 – mm) ၁၃လုံး သိမ်းဆည်းရမိခဲ့ သည်ဟု အသိပေးသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းကျေးရွာဦးမှတစ်ဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားခဲ့သည်ဟုလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။