Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တော်လှန်နေသည့် KNDF၏ (၁)နှစ်အတွင်းဆောင်ရွက်နိုင်မှုများကို MNDAA/TNLAနှင့် AAတို့ ဂုဏ်ပြု

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

MNDAA/TNLAနှင့် AAတို့ ဂုဏ်ပြုသဝဏ်လွှာ
MNDAA/TNLAနှင့် AAတို့ ဂုဏ်ပြုသဝဏ်လွှာ

▪️တက်စွမ်းသရွေ့ ပံ့ပိုးကူညီပေးမည်ဟု သဝဏ်လွှာပို့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းထူထောင်ခြင်း တစ်နှစ်ပြည့်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတတ် ၃ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအား ရရာလက်နက်၊ ရသည့်နည်းပေါင်းစုံဖြင့် ခုခံတော်လှန်စစ် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းများထဲတွင် KNDF သည်လည်း တစ်ခု အပါအဝင် ဖြစ်ပြီး KNDF သည် ကရင်နီလူမျိုးများနှင့် ၎င်းတို့ ဒေသရှိ ပြည်သူ လူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ် တို့အား ကာကွယ်စောင့်ရှောက်ရေး ၊စစ်အာဏာရှင်စနစ်အမြစ်ပြတ် ဖြုတ်ချရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာသည်မှာ (၁)နှစ်ပြည့်နေ့သို့ပင်ရောက်ရှိလာပြီဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

KNDFသည် ကရင်နီလူမျီုးများ၏ ထောက်ခံမှုကို အပြည့်အ၀ရရှိထားပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အပါ အဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ယုံကြည်မှု အားပေးမှု ပံပိုးကူညီမှုများကို ရရှိထားကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

(၁)နှစ်တာကာလအတွင်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ်တွင် ရှိသင့်ရှိထိုက်သည့် လက်နက် လူအင်အားဖြည့်တည်ဆောက်နိုင်ခြင်း၊ စုဖွဲ့မှု ကောင်း ကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခြင်း၊ ရန်သူအား ချေမှုန်း တိုက်ခိုက်နိုင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်းများ တည် ဆောက်နိုင်ခြင်း၊ အပါအဝင်ထိုက်သင့်သည့် စစ်ရေး အတွေ့အကြုံရရှိထားသော အဖွဲ့အစည်းဖြစ်သည်ဟု ညီနောင်သုံးဖွဲ့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ညီနောင် မဟာမိတ် ၃ဖွဲ့ အနေဖြင့် ဘ၀တူတော်လှန်ရေးအဖွဲ့အစည်း KNDF ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုကို အလေးထား အသိအမှတ်ပြုခြင်းနှင့်အတူ တက်နိုင်သည့် အကူအညီများကိုလည်း တက်စွမ်းသရွေ့ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။