Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို စစ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် စွဲချက်တင်ရန် တူရကီတရားရုံး၌ စတင် စုံစမ်း

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းချိန်ကစ၍ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် နှိပ်စက် ညှင်းပမ်းမှု(Torture)နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု(Crime Against Humanity)များအပေါ် တရားစွဲဆိုမှုကို တူရကီတရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။

အလှူငွေပေးအပ်ပွဲအခမ်းအနား၌ စစ်အုပ်စုအဖွဲ့၊ ဓာတ်ပုံ - seniorgeneralminaunghlaing.com.
အလှူငွေပေးအပ်ပွဲအခမ်းအနား၌ စစ်အုပ်စုအဖွဲ့၊ ဓာတ်ပုံ - seniorgeneralminaunghlaing.com.

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များကို စစ်ရာဇဝတ်မှုနှင့် စွဲချက်တင်နိုင်ရန် တူရကီနိုင်ငံ၌ ဇွန်လ ၁ရက်မှ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ယနေ့ အသိပေးသည်။

တူရကီတရားရုံး၌ စွဲချက်တင်ရန် မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက်(Myanmar Accountability Project MAP) အဖွဲ့က ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများ၏ အမည်များကို တရားရုံးကိုပေးပို့ကာ နိုင်ငံတကာရဲတပ်ဖွဲ့ကို ကျူးလွန်သူများအား ဖမ်းဆီးနိုင်ရန် တောင်းဆိုထားသည်ဟု ဆိုသည်။

“စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်ကနေစပြီး ပါဝင်ပတ်သက်သူအကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ စွဲချက်တင်နိုင်ဖို စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်မှုနဲ့ပတ်သက်ပြီး တရားစွဲဆွဲအရေးယူဖို့ နိုင်ငံတကာတရားရုံးတွေမှာ အမှုဖွင့်ထားသလို အခုလိုအမှုမျိုးတွေကို ပြည်တွင်းတရားရုံးတွေမှာ စွဲဆိုနိုင်ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာလည်း တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်”ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းချိန်ကစ၍ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် နှိပ်စက် ညှင်းပမ်းမှု(Torture)နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှု(Crime Against Humanity)များအပေါ် တရားစွဲဆိုမှုကို တူရကီတရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများကို Universal Jurisdiction အရ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ တိုင်ကြားမှုကို လက်ခံခွင့်၊ စုံစမ်းစစ်ဆေးခွင့်၊ ကြားနာခွင့်၊ စီရင်ခွင့်ရှိကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းပြသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး လုပ်ဆောင်နေသော နိုင်ငံခြားတရားရုံးနှစ်ရုံး ရှိလာပြီဖြစ်ပြီး ပထမမှာ အာဂျင်တီးနား၌ ဖြစ်သည်။

အာဂျင်တီးနားတရားရုံးတွင် စွဲဆိုထားသောအမှုမှာ ရိုဟင်ဂျာများအ‌ပေါ်ကျူးလွန်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်ခြင်းအတွက်ဖြစ်ပြီး ယင်းအမှုကို စတင်စစ်ဆေးနေပြီဖြစ်သည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများနှင့်ပတ်သက်၍ မင်းအောင်လှိုင်နှင့် စစ်တပ်ထိပ်တန်းအရာရှိများကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)၌ တရားစွဲဆိုနိုင်ရေးအတွက်လည်း လုပ်ဆောင်နေမှုများ လည်းရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း ယခုနှစ်ကုန်ပိုင်းတွင် ပြင်သစ်၊ သြစတြေးလျနှင့် အရှေ့အာရှနိုင်ငံများတွင် စစ်ကောင်စီကို စွဲချက်တင်သည့်အမှုများကို တင်သွင်းသွား မည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။