Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်​ရေကြီး​စဥ်​ရေ​ဘေးသင့်သူများကို KIA/PDF ပူး​ပေါင်းတပ်ကကူညီကယ်ဆယ်​​ရေးလုပ်​ပေး

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ
ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ

ဖားကန်မြို့ နယ် ဆယ်ဇင်းရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေ၍ ဒေသခံရေဘေးသင့်ပြည်သူများကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်က ကူညီကယ်ဆယ်​​ရေးလုပ်ပေးခဲ့ကြသည်။

ဆယ်ဇင်းကျေးရွာသည် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) အခြေစိုက်ရာဒေသဖြစ်ပြီး သုံးရက်ဆက်မိုးကောင်းပြီးနောက် ယနေ့(ဇွန် ၁၂) ရေဘေးကြုံတွေ့ရခြင်းဖြစ်သည်။

“လူထိခိုက်မှုတော့ မရှိဘူး။အရေးပေါ်ပြောင်းရရွှေ့ရတာတွေနဲ့လတ်တလော စားနပ်ရိက္ခာအတွက်ကေအိုင်အေနဲ့ PDFတပ်ဖွဲ့ဝင်တွေလာကူညီပေးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆယ်ဇင်းကျေးရွာသည် ဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေပြီး ရွှေတူးလုပ်ငန်းအများအပြားရှိသည့် ဒေသဖြစ်သည်။ လတ်တလော ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ သုံးရာခန့် ဘေးလွတ်ရာတွင် ယာယီတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ
ဖားကန့်မြို့နယ်ဆယ်စင်းရွာ​ရေးကြီး​နေမှု ဓါတ်ပုံ-CJ

ဖားကန့်​ဒေသသည်နှစ်​ပေါင်းများစွာ ​ကျောက်စိမ်းအလွန်အကျွံတူး​ဖော်မှု​ကြောင့် ​​​တော​တောင်များ မရှိ​တော့ခြင်း၊ဥရု​ချောင်းအပါအဝင် ​ချောင်းများ​ကော၍ ​ရေလမ်း​ကြောင်း​ပြောင်းလဲခြင်း ၊သစ်​တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့်​ ​ရေကြီး​ရေလျှံမှုများဖြစ်ပွား​နေသည်။

လွန်ခဲ့သည့် သုံးရက်ကပင် ​ဖားကန့်တွင် ​ကျောက်စိမ်းတူးပြီးစွန့်ပစ်ထား​သောကျင်းအတွင်း ကားပြုတ်ကျ၍ လသားအရွယ်က​လေးငယ်အပါအဝင် မိသားစုဝင်သုံးဦး ​ပျောက်ဆုံး​နေပြီး ကားမှာ ​​ရေအနက် ၈၀ ကျော်မှ ပြန်လည်ဆည်ယူရခဲ့သည်။ မိသားစုဝင်သုံးဦး ​ပျောက်ဆုံး​နေသည်မှာ သုံးရက်ရှိပြီဖြစ်၍ အသက် ရှင်လွန်​မြောက်ရန် ​မျှော်လင့်ချက်မရှိသ​လောက်ဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook