Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထစခန်းရှိ စစ်ကောင်စီတပ်ကို ထောက်ပို့ပေးမည့်ယာဉ်တန်း KNU ပူးပေါင်းတပ် တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)နှင့် KNU/KNLA ပူးပေါင်းတပ်များထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

(ပုံအဟောင်းကို အသုံးပြုထားပါသည်၊ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) သထုံခရိုင်)
(ပုံအဟောင်းကို အသုံးပြုထားပါသည်၊ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) သထုံခရိုင်)

လက်နက်၊ခဲယမ်းတင် ကားနှစ်စီး မီးလောင်ပျက်စီး

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ စစ်ကောင်စီ၏ ဥကရစ်ထတပ်စခန်းသို့ ထောက်ပို့ပေးရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ကျိုက်ထိုမြို့နယ် အင်္ဂဘိုရွာ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ယာဉ် ၂စီး မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) သထုံခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂ရက်) နံနက် ၉နာရီခန့်အချိန်တွင် အင်္ဂဘိုရွာ ဆီအုန်းအမှတ်/၂ လေးထောင့်ကန်အနီးတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ လက်နက်၊ ခဲယမ်း ၊ လောင်စာဆီတင်လာသည့် ကား နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုရုပ်သံကို မကြာမီ ထုတ်ပြန်မည်ဟု အသိပေးထားသည်။

နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃)နှင့် KNU/KNLA ပူးပေါင်းတပ်များထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီမှတာဝန်ရှိသူက တိုက်ပွဲသတင်း တက်မလာသေးကြောင်း ပြောကြားခဲ့သည်။

“အဲဒီမှာ PDFတပ်ရင်း(၃)က အဲဒီမှာရှိတယ်။ ကျွန်တော်တို့ KNUတပ်ရင်းနဲ့ ပူးပေါင်းပြီး အဲဒီမှာရှိတယ်”ဟု ၎င်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို