Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက တရုတ်ဝန်ကြီးမလာခင် တရုတ်​စွမ်းအင်ကုမ္ပဏီနှင့်အိန္ဒိယဘဏ်များ၏​ငွေစာရင်းများကိုကျပ်​ငွေအတင်းအကြပ်​ပြောင်းခိုင်းခြင်းမှကင်းလွတ်ခွင့်ပြုဟုဆို

နိုင်ငံခြား​ငွေကို ၂၄ နာရီအတွင်းကျပ်​ငွေမဖြစ်မ​နေ ​ပြောင်းရမည်ဆို​ခြင်းမှ ကင်းလွတ်ခွင့်ကို တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီခရီးစဥ်မတိုင်ခင် ၂ ရက်အလိုတွင်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

စ​နေ​နေ့ကပုဂံ​ရောက်လာ​သောဝမ်ယိ
စ​နေ​နေ့ကပုဂံ​ရောက်လာ​သောဝမ်ယိ

စစ်​ကောင်စီကတရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်ခင် တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများသို့ ကျပ်ငွေအတင်းအကျပ်ပြောင်းလဲ​စေခြင်းမှ ကင်းလွတ်ပြုကြောင်း စစ်ကောင်စီတပ်ကထုတ်ပြန်သည်။

စစ်ကောင်စီကကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီများတွင် တရုတ်အမျိုးသားရေနံ ကော်ပရေးရှင်း(CNUOC)၊ အိန္ဒိယ ပို့ကုန်သွင်းကုန်ဘဏ်၊ အိန္ဒိယ Panjab National ဘဏ်တို့ပါဝင်သည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်က ဇွန် ၂၉ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုပြင် ကိုရီးယားဘဏ် Woori ဘဏ်၏ ရန်ကုန်ရုံးခွဲကမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းကိုလည်း ကင်းလွတ်ခွင့်ပြုသည်ဟု စစ်ကောင်စီကဆိုသည်။

ပြည်တွင်းရှိကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ၏ ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေစာရင်းများကို စစ်​ကောင်က ၎င်းသတ်မှတ်ထား​သော ၁ ​ဒေါ်လာလျှင် ၁၈၅၀ကျပ်နှုန်းဖြင့် ၂၄ နာရီအတွင်းကျပ်ငွေသို့မဖြစ်မ​နေပြောင်းလဲရမည်ဟု စစ်ကောင်စီက ၂၀၂၂ ဧပြီ ၃ ရက်ညက ထုတ်ပြန်ခဲ့သည်။ မလိုက်နာပါက​​ထောင်တစ်နှစ်ချနိုင်​သောပုဒ်မဖြင့်အ​ရေးယူမည်ဟုခြိမ်း​​ခြောက်ထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံခြား​ငွေကို ၂၄ နာရီအတွင်းကျပ်​ငွေမဖြစ်မ​နေ ​ပြောင်းရမည်ဆို​ခြင်းမှ ကင်းလွတ်ခွင့်ကို တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိခရီးစဥ်မတိုင်ခင် ၂ ရက်အလိုတွင်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“ဒီနိုင်ငံတွေက ဖိအားပေးလို့ စစ်တပ်ကသူတို့ကိုကင်းလွတ်ခွင့်ပေးတာ။ အခုက ဘယ်စံနှုန်းနဲ့ ကင်းလွတ်ပေးတယ်ဆိုတာ မရှိတော့ဘူး။ သူတို့နဲ့ အဆင်ပြေတဲ့ ကုမ္ပဏီဆိုရင် ကင်းလွတ်ခွင့်ပေးတဲ့ စနစ်ဖြစ်နေပြီ။ တကယ့်ကို ဗရမ်းဗတာ စီမံခန့်ခွဲမှုပါ”ဟု ရန်ကုန်အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထိုပြင် အထူးစီးပွားရေးဇုန်များဖြစ်သည့်သီလဝါ၊ ထားဝယ်နှင့်ကျောက်ဖြူ အထူးစီးပွားရေးဇုန်များရှိကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းများကိုလည်း ကျပ်ငွေအဖြစ်ပြောင်းလဲ ရန်မလိုအပ်ကြောင်းလည်းစစ်ကောင်စီကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။