Connect with us

Hi, what are you looking for?

ဆောင်းပါး

၄၄ လမ်းပေါ်က သူရဲကောင်းမလေး ပန်းသီး

နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သူပီပီ အကြမ်းဖက်စစ်သားများ၏ ရက်စက်ယုတ်မာမှုကိုလည်း မပန်းသီးတစ်ယောက် ကောင်းကောင်းသိရှိထားသည်။

၄၄ လမ်း ခုန်ချမှုတွင်ပါဝင်သည့် တစ်ယောက်တည်းသော မိန်းကလေးသည် နွေဦးတော်လှန်ရေးတွင် အစောပိုင်းကတည်းက တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။ သူမတွင် ငါးနှစ်ခန့်အရွယ် သမီးငယ်လေးတစ်ဦးရှိသည်။

အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးမှုကိုမခံဘဲ တိုက်အမြင့်မှ ခုန်ချသွားခဲ့သည့် သူရဲကောင်းလူငယ်ငါးဦးအနက် ကလေးမိခင်အမျိုးသမီးတစ်ဦးပါဝင်နေမှုအပေါ် ပြည်သူများက ပို၍ဝမ်းနည်းကြေကွဲနေခြင်းပင်။

သူမ၏နာမည်အရင်းမှာ ဝေဝေမြင့် ဖြစ်ပြီး အသက်၂၉ ခန့်အရွယ်ဖြစ်သည်။ သူမ၏အမျိုးသားမှာ သွားဆရာဝန် တစ်ဦးဖြစ်ပြီး ၎င်းတို့မှာ စီးပွားရေးပြေလည်သူများဖြစ်ကြသည်ဟု သူမ၏ သူငယ်ချင်းများက ဆိုသည်။

သူမ၏ သူငယ်ချင်းများက သူမကို ပန်းသီးဟု ခေါ်ကြသည်။ မပန်းသီးသည် ပညာထူးချွန်သူဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြု မဟာဝိဇ္ဇာဘွဲ့ရရှိထားသူဖြစ်သည်။ သူတစ်ပါးကို ကူညီတက်သူတစ်ဦးဖြစ်ပြီး ပွင့်လင်းစွာ ပြောဆိုနေထိုင်သော်လည်း စိတ်ရင်းကောင်းသူအဖြစ် သူငယ်ချင်းများက အသိအမှတ်ပြုကြသည်။

Public Service Announcement

Public Service Announcement

“ပန်းသီးက ကျောင်းကတည်းက မဟုတ်မခံစိတ်ရှိတယ်။ သူက မှန်တဲ့ဘက်က ရပ်တယ်။ မှန်လို့ကတော့ ဆရာ၊ ဆရာမတွေ ဘာတွေ နားမလည်ဘူး။ ပြန်ရန်တွေ့တာပဲ။ အကြောက်တရားကတော့ လုံးဝမရှိတဲ့ ပန်းသီးပဲ” ဟု သူ၏ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးက ဖွင့်သည်။

Public Service Announcement

နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့သူပီပီ အကြမ်းဖက်စစ်သားများ၏ ရက်စက်ယုတ်မာမှုကိုလည်း မပန်းသီးတစ်ယောက် ကောင်းကောင်းသိရှိထားသည်။

မပန်းသီးသည် စစ်အာဏာရှင်တော်လှန်ရေးအတွင်း ပြီးခဲ့သည့် ဧပြီက ကျောက်မြောင်း၌ လူငယ် ၁၈ ဦး ဖမ်းဆီးခံရမှုတွင် သူမပါဝင်ခဲ့သည်။ သူမနှင့်အတူ ဖမ်းဆီးခံရသူများကို အကြမ်းဖက်စစ်သားများက ရိုက်နှက်စစ်ဆေးမှုကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသူဖြစ်သည်။ သို့သော် နောက်တစ်ရက်တွင် ဖမ်းဆီးခံရသူ အချို့ကို ပြန်လွှတ်ပေးရာ သူမပါဝင်လာခဲ့သည်။

သူမ၏အမျိုးသားက “ရှင်ကွဲလေး ကွဲသွားရင်တောင် စိတ်ပြေချိန်လေးပြန်သွားကြည့်လို့ရသေးတယ်။ ဘာလို့ သေကွဲကွဲရတာလဲ သဲရယ်။ သဲက ဒီလောက်စိတ်ကောင်းရှိတာ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ”ဟု သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ရန်ကုန်မြို့ ၄၄ လမ်းတွင် ယမန်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်စီးနင်းရာတွင် အဖမ်းမခံဘဲ တိုက်ပေါ်တက်၍ အလွတ်ခုန်ချကာ ကျဆုံးခဲ့သော လူငယ်ငါးဦးအတွက် ပြည်သူများက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ဂုဏ်ပြုကဗျာများ၊ သရုပ်ဖော်ပန်းချီများဖြင့် ရေးဆွဲဂုဏ်ပြူနေကြသည်။

“အောင်မြင်နေတဲ့ စီးပွားရေး၊ ပျော်ရွှင်စရာမိသားစုဘဝ လေးကို တော်လှန်ရေးအတွက် စတေးသွားခဲ့ပြီ… နာကြင်စွာနဲ့ ဦးညွှတ်အလေးပြုပါတယ်ဗျာ။ နောင်တချိန် တော်လှန်ရေးအကြောင်းပြောကြတဲ့အခါ… ဘာမှ မဟုတ်တဲ့ ကျွန်တော်တို့တွေက… အမတို့ အာဇာနည်တွေရဲ့ ပေးဆပ်မှုကို အမြဲ အလေးအမြတ်ပြုနေမှာပါ”ဟု စာ​​ရေးဆရာခက်​ဇော်ကလည်း မပန်းသီးအတွက် ​​ရေးသားဂုဏ်ပြုထား​လေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။