Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်နယ် ကျိုက်မရောတွင် စစ်ကောင်စီတပ်ကို သေနတ်ဖောက်မျှားခေါ်ပြီးမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ခြောက်ဦးသေ

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးပြီး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားအနီးတွင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ် ကျိုက်မရော
မွန်ပြည်နယ် ကျိုက်မရော

မွန်ပြည်နယ် ကျိုက်မရောတွင် စစ်ကောင်စီတပ်ကို သေ နတ်ဖောက်မျှားခေါ်ပြီး မိုက်ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးသွားကြောင်း မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၁၃)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို မော်လမြိုင်မြို့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် မဟာမိတ်ပြောကျားစွန်ရဲအဖွဲ့တို့ပူးပေါင်းပြီး ယမန်နေ့(ဇူလိုင် ၁၂)ည ၁၂ နာရီ ၁၅ ခန့်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက်အတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သေနတ်ပစ်ဖောက်ကာ မျှာခေါ်ခဲ့ရာ မိနစ်ပိုင်းအကြာတွင် လှည့်ကင်းယာဥ်တစ်စီးရောက်လာပြီး စစ်ကောင် စီတပ်သားများ ယာဥ်ပေါ်မှဆင်း၍ လမ်းပေါ်၌ရှာဖွေမှုများလုပ်နေစဥ် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ပတ်လမ်းမှာ သေနက်ဖောက်တာကို ဆင်းလာတာ။ မိုင်းထောင်းထားတာက ကြံဖွတ်အိမ်ရှေ့။ ကြံဖွတ်အိမ်က အဖိုးကြီးက ဓာတ်မီထိုးပြီး ဒီမှာ ကြိုးတစ်ချောင်းရှိနေတယ်ဆိုပြီးအော်ပြောတာ။ အဲဒါကိုယ် ခွေးသားတွေက အဟုတ်ထင်ပြီး လာအုံတာ။ ကွက်တိဆွဲပေးလိုက်တယ်”ဟု မော်လမြိုင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခြောက်ဦးထက်မနည်းသေဆုံးပြီး တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာမှာ ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားအနီးတွင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်များမှာ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။