Connect with us

Hi, what are you looking for?

သတင်း

မုံးကိုးခရိုင်အတွင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ဟု MNDAAအသိပေး

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး MNDAAဘက်မှ တိုက်ပွဲနေရာမှ ဦးစွာထွက်ခွာခဲ့ကြောင်း ဖော်ပြထား သည်။

(MNDAA ရဲ​ဘော်များအား ​တွေ့ရစဥ်)
(MNDAA ရဲ​ဘော်များအား ​တွေ့ရစဥ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးခရိုင်တွင် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၁၂ရက် နံနက်ပိုင်းက မုံးကိုးခရိုင် တာမိုင်းပေါ်ဒေသတွင်တိုက်ပွဲဖြစ်ခဲ့ပြီး MNDAA ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိကြောင်း၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို မသိရသေးကြောင်း ဖော်ပြထားသည်။

“MNDAAရှေ့တန့်အရာရှိ၏ပြောကြားချက်အရ မုံးကိုးခရိုင် ကျယ်လန်ဒေသတစ်ဝှက်တွင် လှုပ်ရှားနေ သော စစ်ကောင်စီသည် မန်းကန်ဒေသသို့ ချဉ်းကပ်ဝင်ရောက်လာသည်ကို MNDAA ဘက်မှသတင်းထောက် လှမ်းရရှိပြီးနောက် စစ်ဆင်ရေးအဖွဲ့ဖြင့် ကျယ်လန်ဒေသအနောက်ဘက်တောင်ကုန်းမှ နေ၍ ကြားဖြတ် တိုက်ခိုက်ခဲ့ပါသည်”ဟု MNDAAက ထုတ်ပြန်သည်။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး MNDAAဘက်မှ တိုက်ပွဲနေရာမှ ဦးစွာထွက်ခွာခဲ့ကြောင်း ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း MNDAAနှင့် စစ်ကောင်စီတပ်တို့ မူဆယ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။