Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်း စည်ပင်ရုံးအား ဝါဆိုသင်္ကန်းကပ်မှဟုဆိုကာ ငါးဆင့်ချိုင့်ပို့ပြီး ဖောက်ခွဲတိုက်ခိုက်ခံရ

ဖြစ်စဥ်မှာ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၂၀မိနစ်ခန့်တွင် Mask တပ်ထားသူတစ်ဦး မြို့နယ်စည်ပင်ရုံးထဲဝင်ရောက်လာပြီး စည်ပင်လက်ထောက်ညွှန်မှူး AD ဦးမျိုးသန့်ဇင်ထံ ဝါဆိုသင်္ကန်းကပ်မှဟုဆိုကာ စတီးငါးဆင့်ချိုင့်တစ်လုံးအား ရုံးဝန်ထမ်းဒေါ်လှစုစံမှတဆင့် ပေးပို့လာခြင်းဖြစ် ကြောင်း ဖော်ပြသည်။

(ဖောက်ခွဲတိုက်ခိုက်ခံရသော မိုးကောင်းစည်ပင်ရုံးအတွင်းပိုင်းအားတွေ့ရစဥ်)
(ဖောက်ခွဲတိုက်ခိုက်ခံရသော မိုးကောင်းစည်ပင်ရုံးအတွင်းပိုင်းအားတွေ့ရစဥ်)

●မိုး​ကောင်းမြို့ရှိရဲစခန်း၊တရားရုံး၊စ​သောစစ်​ကောင်စီရုံးများတွင်ချိုင့်များ၊အထုပ်များကို​သေချာစွာစစ်​ဆေးရန်စစ်​ကောင်စီညွန်ကြား

ကချင်ပြည်နယ် မိုးကောင်းမြို့ စည်ပင်သာယာရုံးအား ဝါ ဆိုသင်္ကန်းကပ်မှဟုဆိုကာ ငါးဆင့်ချိုင့်တစ်လုံးပေးပို့ပြီး ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရကြောင်း စစ်ကောင်စီလက် အောက်ခံ ရဲကြေးနန်းအရ သိရသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မိုးကောင်းမြို့ နယ် စည်ပင်ရုံးအတွင်း ထမင်းချိုင့်မှ တစ်ဆင့် ပေါ်ကွဲမှုဖြစ်ပေါ်သောကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များအကြား ကြောက်လန့်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်များမှ ပြောကြား Myanmar Police CDM Channel – MPCC ကလည်း ဖော်ပြသည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၂၀မိနစ်ခန့်တွင် Mask တပ်ထားသူတစ်ဦး မြို့နယ်စည်ပင်ရုံးထဲဝင်ရောက်လာပြီး စည်ပင်လက်ထောက်ညွှန်မှူး AD ဦးမျိုးသန့်ဇင်ထံ ဝါဆိုသင်္ကန်းကပ်မှဟုဆိုကာ စတီးငါးဆင့်ချိုင့်တစ်လုံးအား ရုံးဝန်ထမ်းဒေါ်လှစုစံမှတဆင့် ပေးပို့လာခြင်းဖြစ် ကြောင်း ဖော်ပြသည်။

ထို့နောက် ရုံးဝန်ထမ်းက AD ဦးသန့်ဇင်အားဆက်သွယ်ပြီး အကျိုးအကြောင်းပြောပြရာ ၎င်းနှင့် ဆက်သွယ်ထားသည့် ဝါဆိုသက်န်းကပ်မရှိကြောင်း၊ ထိုချိုင့်မှာအန္တရာယ်ရှိနိုင်ကြောင်းပြောသဖြင့် တာဝန်ကျဝန်ထမ်း ဦးဖြိုးကိုကိုမှ ချိုင့်အားဖွင့်ကြည့်ရာ ဝါယာကြိုးများတွေ့ရှိ၍ ထွက်ပြေးစဥ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကြေးနန်းတွင် ဖော် ပြသည်။

Public Service Announcement

Public Service Announcement

ယင်းပေါက်ကွဲမှုဖြစ်စဥ်ကြောင့် မိုးကောင်းမြို့ရှိ ရုံးဌာနများနှင့် ရဲစခန်းတို့တွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေးအပါအဝင် ရဲစခန်း၊ တရားရုံးစသည်တို့၌ ဧည့်တွေ့လာရောက်ခြင်း၊ ပါဆယ်ပို့ခြင်း၊ ချိုင့်နှင့် အထုပ်အပိုးများပို့ခြင်းကို သေချာစစစ်ရန်နှင့် မသက်ာပါက ဖမ်းဆီးစစ်ဆေးရန် စစ်ကောင်စီအဆင့်ဆင့်က ညွှန်ကြားထားသည်ဟု အထက်ပါရဲကြေးနန်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

သတင်း

စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

သတင်း

တိုက်ခိုက်မှုဖြစ်ပြီးချိန်၌ စစ်ကားနှင့် ရဲကားများအပြင် လူနာတင်ယာဉ် သုံးစီးရောက်ရှိလာသည်ဟု ဒေသခံ သတင်းဖော်ပြပေးနေသည့် ချန်နယ်များ၌ ရေးသားထားသည်။

သတင်း

ပြည်သူ့များ၏ နေအိမ်များကို မတရားသဖြင့် ဖျက်စီးရာတွင် ပါဝင်ခဲ့သောကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ခဲ့သည်။