Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ် အထိနာပြီးပြန်ဆုတ်ခွာ

စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

(စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-File Photo)
(စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-File Photo)

အိမ်သွင်၊ထားမြတ် /People’s Spring

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ရှမ်းနီတပ်-SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။

အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ရက် နံနက်တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ KIAနှင့် PDFပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ ယ‌နေ့(ဒီဇင်ဘာလ၁၄ရက်) ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“မိုးကောင်းဘက်ကိုပြန်ဆုတ်သွားတာဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲက မပြီးဘူးလို့ ကျနော်တို့သုံးသပ်တယ်။ စစ်ရေးအသင့်အနေအထားမှာရှိတယ်”ဟု မိုးကောင်းမြို့နယ်တွင် လက်ရှိ ‌ရှိနေသော အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

တိုက်ပွဲသည် မိုးကောင်းမြို့နယ် ဆားမှော် နှင့် ကညင်မြိုင်ရွာအနီးတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟုဒေသခံများကပြောသည်။

“မြို့ကနေ သေနတ်သံတွေအတိုင်းသားကြားနေရတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ နောက်ပြီး စစ်ရေးအခြေအနေက သတိနဲ့နေဖို့ လိုနေပြီလို့ ခံစားလာရတယ်။ သတင်းမျိုးစုံထွက်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

KIAတပ်မဟာ(၉)တပ်ရင်း(၄၄)နယ်မြေအတွင်းရှိ မိုးကောင်း ၈မိုင်ဂိတ်ကို ဒီဇင်ဘာ ၁၂ရက်ကစစ်ကောင်စီနှင့် SNA ပူးပေါင်းအင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ် ခမရ(၃၈၁)၊ (၃၈၂)နှင့်ခလရ(၁၀၅) ၊ SNA ပြည်သူ့စစ်အဖွဲ့ ၊ ပျူစောထီးအဖွဲ့များ ပူးပေါင်းထိုးစစ်ဆင်လာ၍ KIAက ခုခံခဲ့ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ထိခိုက်မှုရှိကြောင်း အသိပေးထားသည်။

KIAသည်ကချင်ပြည်နယ်အတွင်းဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ၄ရက်နေ့မှစတင်၍ တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၁၄ ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။ ဗန်းမော်ပြီးလျှင် မိုးကောင်းမြို့မှ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်နိုင်ခြေရှိကြောင်း တော်လှန်ရေးအတိုင်းအဝိုင်းတွင် မှန်းဆမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook