Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းတပ် အထိနာပြီးပြန်ဆုတ်ခွာ

စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

(စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-File Photo)
(စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-File Photo)

အိမ်သွင်၊ထားမြတ် /People’s Spring

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ရှမ်းနီတပ်-SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။

အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ရက် နံနက်တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ KIAနှင့် PDFပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ ယ‌နေ့(ဒီဇင်ဘာလ၁၄ရက်) ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

“မိုးကောင်းဘက်ကိုပြန်ဆုတ်သွားတာဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲက မပြီးဘူးလို့ ကျနော်တို့သုံးသပ်တယ်။ စစ်ရေးအသင့်အနေအထားမှာရှိတယ်”ဟု မိုးကောင်းမြို့နယ်တွင် လက်ရှိ ‌ရှိနေသော အဆိုပါသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။

တိုက်ပွဲသည် မိုးကောင်းမြို့နယ် ဆားမှော် နှင့် ကညင်မြိုင်ရွာအနီးတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟုဒေသခံများကပြောသည်။

“မြို့ကနေ သေနတ်သံတွေအတိုင်းသားကြားနေရတယ်။ အရမ်းကြောက်ဖို့ကောင်းတယ်။ နောက်ပြီး စစ်ရေးအခြေအနေက သတိနဲ့နေဖို့ လိုနေပြီလို့ ခံစားလာရတယ်။ သတင်းမျိုးစုံထွက်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

KIAတပ်မဟာ(၉)တပ်ရင်း(၄၄)နယ်မြေအတွင်းရှိ မိုးကောင်း ၈မိုင်ဂိတ်ကို ဒီဇင်ဘာ ၁၂ရက်ကစစ်ကောင်စီနှင့် SNA ပူးပေါင်းအင်အား ၃၀၀ ခန့်နှင့် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၃ ရက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ် ခမရ(၃၈၁)၊ (၃၈၂)နှင့်ခလရ(၁၀၅) ၊ SNA ပြည်သူ့စစ်အဖွဲ့ ၊ ပျူစောထီးအဖွဲ့များ ပူးပေါင်းထိုးစစ်ဆင်လာ၍ KIAက ခုခံခဲ့ကြောင်း၊ စစ်ကောင်စီက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ထိခိုက်မှုရှိကြောင်း အသိပေးထားသည်။

KIAသည်ကချင်ပြည်နယ်အတွင်းဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ၄ရက်နေ့မှစတင်၍ တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၁၄ ရက်အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။ ဗန်းမော်ပြီးလျှင် မိုးကောင်းမြို့မှ စစ်ကောင်စီစခန်းများကို KIAက တိုက်ခိုက်နိုင်ခြေရှိကြောင်း တော်လှန်ရေးအတိုင်းအဝိုင်းတွင် မှန်းဆမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။