Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်း အရပ်သားများ သွားလာခွင့် KIA၊ KPDF ယာယီတားမြစ်

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

ဖားကန့်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၁၊၂၀၂၅။ကဖေး/People’s Spring

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

“မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းက လုံခြုံရေးပြဿနာရှိနေတယ်။ ဒီရက်ထဲမသုံးဖို့ ပြောထားတာရှိတယ်။KIA၊ KPDF က ဒါကို အရေးတကြီး အသိပေးနေတဲ့ပုံစံဖြစ်တယ်”ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကမူ အဆိုပါလမ်းကိုအသုံးပြုရန်​ဒေသခံပြည်သူများကိုဖိအားပေးနေကြောင်းမိုးကောင်းမြို့ခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

“လူတွေသွားလာနေမှ စစ်ရေးအရအကာအကွယ်ရမှာမို့လို့ စစ်တပ်ကကြတော့ သွားခိုင်းနေတယ်။ ကျတော်တို့အတွေ့အကြုံရတော့ မသွားသင့်ဘူး” ဟု၎င်းကပြောသည်။

ဖားကန့်သို့ မြစ်ကြီးနား- မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းရှိသကဲ့သို့ မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းလည်း ရှိနေသည်။လက်ရှိတွင် မိုးညှင်း-ဟိုပင်- ဝှေခါ -ဖားကန့်လမ်းကို ခရီးသွားများအသုံးပြုနေသည်ဟုသိရသည်။ အဆိုပါလမ်းပိုင်းမှ အင်းတော်ကြီးအိုင်အနီးကျေးရွာအချို့တွင် စစ်တပ်၊ရှမ်းနီ(SNA) ပူးပေါင်းတပ် နှင့် KIA၊KPDF တိုက်ပွဲဖြစ်နေသော်လည်း ပြင်းပြင်းထန်ထန်မဟုတ်​သောကြောင့် လက်ရှိတွင်သွားလာ၍ကြောင်းအင်းတော်ကြီးဒေသခံများကပြောသည်။

မိုးကောင်း -ကာမိုင်း – လုံးခင်း – ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၉ရက် တွင် ဖားကန့်သို့ရောက်ရှိလာပြီး ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။ကာမိုင်း-လုံးခင်းကြားတွင်လည်း ကင်ပုန်းများထားခဲ့ကြောင်းသတင်းရရှိသည်။ ထို့အပြင် ဖားကန့်မှ ပြန်မည့် တပ်မ(၃၃) စစ်ကြောင်းသည်လည်း ယင်းလမ်းအတိုင်းပြန်နိုင်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များကသုံးသပ်ထားသည်။

“အခုက ဖားကန့်မှာလည်း စစ်ရေးအခြေအနေကတင်းမာနေတယ်။မြေပြင်ကနေအင်အားဖြည့်မယ်ဆိုရင်မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို သုံးနိုင်တယ်။တပ်မ(၃၃) အပြန်လမ်းကြောင်းလည်းရှိနေတယ်။ ဒါကြောင့် သတိပေးထားတာ” ဟု KIA နှင့်နီးစပ်သူကပြောသည်။

ဒေသခံများနှင့်အဆက်အစပ်ရှိသည့် KPDF တပ်ဖွဲ့ဝင်အချို့ကလည်း မိုးကောင်း -ကာမိုင်း -ဖားကန့်လမ်းကို ဒေသခံများအသုံးမပြုကြရန် လူမှုကွန်ယက်မှတစ်ဆင့်သတိပေးထားသည်။

ဖားကန့်မြို့နယ်အတွင်း ရောက်ရှိနေပြီး ကျောက်စိမ်းမှော်များ၌ စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ရှမ်းနီပြည်သူ့စစ်များအားဇွန်လ ၉ရက် နှင့် ဇွန်လ ၁၀ရက်၌ KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၉ရက်က တိုက်ပွဲ၌ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက်ထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇွန်လ၁၁ရက်တွင်စစ်တပ်စစ်ကြောင်းများလည်း မတွေ့ရသလို တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉ နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်တပ်စစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။