Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့နယ်အတွင်းပိုင်းလမ်းပိုင်း ၃ ခုတွင်ဆီတင်ယာဥ်ဖြတ်သန်းသွားလာခွင့် PDF ယာယီပိတ်

ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း၊ သတိပေးချက်ကို လိုက်နာကြရန် Salin Gyi GZ Local Pdf၊ One Star Task Force၊ Young People Force စသည့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများက သတိပေးသည်။

(ပုသိမ်-မုံရွာလမ်းတစ်နေရာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ပုသိမ်-မုံရွာလမ်းတစ်နေရာအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းလမ်းပိုင်း၃ခုတွင် ဆီတင်ယာဥ်များ ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားကြောင်း Salin Gyi GZ Local PDFကသတင်းထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှစ၍ ဆီပီပါကားများနှင့် ဆီဘောက်ဆာကားများကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်သိမ်းလိုက်ကြောင်း မုံရွာ-ပုသိမ်လမ်း၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်း၊ ဆားလင်းကြီးပေါင်းဝလမ်း၊ ဆီကုန်ကူးသည့်ကားများ သတိပေးချက်ကို မလိုက်နာပါက ဖြစ်လာမည့်နောက်ဆက်တွဲ ပြဿနာများအား တာဝန်ယူမည်မဟုတ်ကြောင်း Salin Gyi GZ Local PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြတ်သန်းသွားလာခွင့်ကို ပြန်လည်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း၊ သတိပေးချက်ကို လိုက်နာကြရန် Salin Gyi GZ Local Pdf၊ One Star Task Force၊ Young People Force စသည့် ညီနောင်မဟာမိတ်တပ်ပေါင်းစုများက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။