Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု မြို့လှ PDFထုတ်ပြန်၊ PDF မှ တပ်စိပ်မှူးတစ်ဦးကျဆုံး

ယနေ့(ဇူလိုင် ၂၁ ရက်)မွန်းလွဲပိုင်းတွင် ရွှေကူမြို့နယ် မြို့ကုန်းရွာအထွက် ခိုလိပ်လမ်းအဆင်း၌ စစ်ကောင်စီ၏ ခလရ(၆၀၁)တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ဖော်ပြထားသည်။

မြို့လှ PDF
မြို့လှ PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များ နိုင်ကြောင်း မြို့လှပြည်သူ့ကာကွယ်ရေးတပ်(KPDF)က သတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၂၁ ရက်)မွန်းလွဲပိုင်းတွင် ရွှေကူမြို့နယ် မြို့ကုန်းရွာအထွက် ခိုလိပ်လမ်းအဆင်း၌ စစ်ကောင်စီ၏ ခလရ(၆၀၁)တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း မြို့လှKPDFမှ တပ်စိတ်မှူးတစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၀ဦးခန့် သေဆုံးထိခိုက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

မြို့လှ PDFအနေဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းများ၊ စစ်ကောင်စီတပ် ရေယာဉ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ