Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ သေဒဏ်ပေးမှုကြောင့် သဘောကွဲလွဲမှု၊ အကြမ်းဖက်မှုများ ပိုဆိုရွားလာမည်ဟု အီးယူသတိပေး

အီးယူသည် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံလျက် အဆုံးတိုင် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ်ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်စစ်တပ်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဖြိုခွင်းနေသည်ကို ၂၀၂၁က တွေ့စဉ်)
(စစ်တပ်အာဏာသိမ်းမှုအပေါ်ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်စစ်တပ်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ ဖြိုခွင်းနေသည်ကို ၂၀၂၁က တွေ့စဉ်)

▪️သေဒဏ်ပေးမှုကို ပြင်းထန်စွာရှုတ်ချပြီး ကွပ်မျက်ခံရသူများ၏ မိသားစုဝင်များအတွက် လွန်စွာဝမ်းနည်းကြောင်းဖော်ပြ

မြန်မာစစ်တပ်၏ သေဒဏ်ပေးကွပ်မျက်မှုများသည် နိုင်ငံအတွင်းဖြစ်ပေါ်နေဆဲ သဘောထားကွဲလွဲမှု၊ အကြမ်းဖက်မှုနှင့် ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်လိုက်သည်။

ဥရောပသမဂ္ဂသည် ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံ ခေါင်းဆောင်များအား သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်းကို ပြင်းထန်စွာ ရှုတ်ချပြီး ကွပ်မျက်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများ၊ သူငယ်ချင်းများ နှင့် မိတ်ဆွေများအတွက် လွန်စွာဝမ်းနည်းကြောင်း ဖော်ပြသည်။

“သေဒဏ်ပေး ကွပ်မျက်ခြင်းလုပ်ရပ်များသည် တပ်မတော် အာဏာပိုင်များက ကာကွယ်စောင့်ရှောက်ပေးရမည့် ပြည်သူများ၏ အသက် နှင့် ဂုဏ်သိက္ခာကို လေးစားမှုမရှိကြောင်း ပြသနေသည့် ပြစ်တင်ရှုတ်ချဖွယ်ကောင်းသော လုပ်ရပ်များဖြစ်သည်” ဟု ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်က ပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ နိုင်ငံရေးဆိုင်ရာ သေဒဏ်ပေးကွပ်မျက်ခြင်းများသည် တရားဥပဒေစိုးမိုးရေးကို အပြီးတိုင်ဖျက်သိမ်းပြီး လူ့အခွင့်အရေးကို သိသာထင်ရှားစွာ ချိုးဖောက်ခြင်း ဆီသို့ ဦးတည်နေသည့် နောက်ထပ် ခြေလှမ်းတစ်ရပ်ကို ဖော်ဆောင်နေခြင်းဖြစ်ကြောင်း အီးယူက ရှုမြင်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကွပ်မျက်ခံရသူ (၄) ဦးသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်သုံးခုကျော်အတွင်း ပထမဆုံး သေဒဏ်ပေး ကွပ်မျက်ခံရသူများဖြစ်ကြပြီး ‌သေဒဏ်ပေးခြင်းကို ဖျက်သိမ်းရန် လုပ်ဆောင်လျက်ရှိသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဆန့်ကျင်နေသည့် လုပ်ရပ်လည်းဖြစ်ကြောင်း အီးယူက ထုတ်ပြန်သည်။

ယင်းနောက် ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့် လွတ်လပ်မှုအတွက် ၎င်းတို့၏ ပြင်းပြသော ဆန္ဒနှင့်အတူ ပြတ်သားစွာ ရပ်တည်ကြောင်း ပြောသည်။

ထို့အပြင် အကြမ်းဖက်မှုများအားလုံးကို အမြန်ဆုံး အဆုံးသတ်ရန် စစ်အာဏာရှင်အား တိုက်တွန်းပြီး မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာရန်လည်း တိုက်တွန်းသည်။

အီးယူသည် ကုလသမဂ္ဂနှင့် အာဆီယံတို့၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံလျက် အဆုံးတိုင် ဆက်လက်ပံ့ပိုးသွားမည်ဟု ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။