Connect with us

Hi, what are you looking for?

သတင်း

ချက်နိုင်ငံရောက်မြန်မာများ ကျဆုံးသူရဲကောင်းများအတွက် ဆုတောင်းပွဲပြုလုပ်

အဆိုပါ ဆုတောင်းဂုဏ်ပြု​ခြင်းကို ချက်သမ္မတ နိုင်ငံရောက် မြန်မာများနှင့်အတူ မြန်မာ့အရေး အစဥ်တစိုက် ရေးသားဖော်ပြနေသည့် အီဂေါဗလာဇီဗစ်၊ ချက်၊ အမေရိကန်၊ ယူကရိန်း၊ အီကွေဒေါ စသည့် နိုင်ငံတကာမှ ဒီမိုကရေစီအရေး လိုလားသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဓာတ်ပုံ - Igor Blazevic and Linn Thant/Facebook
ဓာတ်ပုံ - Igor Blazevic and Linn Thant/Facebook

ချက်သမ္မတနိုင်ငံ ပရာဟာမြို့ Václavské náměstí (Wenceslas Square )တွင် ယနေ့ (သြဂုတ် ၃) တွင် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ကြိုးပေး စီရင်ခံခဲ့ရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ အာဇာနည် လေးဦးအတွက် ယင်းနိုင်ငံရောက် မြန်မာများက ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆုတောင်းဂုဏ်ပြု​ခြင်းကို ချက်သမ္မတ နိုင်ငံရောက် မြန်မာများနှင့်အတူ မြန်မာ့အရေး အစဥ်တစိုက် ရေးသားဖော်ပြနေသည့် အီဂေါဗလာဇီဗစ်၊ ချက်၊ အမေရိကန်၊ ယူကရိန်း၊ အီကွေဒေါ စသည့် နိုင်ငံတကာမှ ဒီမိုကရေစီအရေး လိုလားသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဓာတ်ပုံ - Igor Blazevic and Linn Thant/Facebook
ဓာတ်ပုံ – Igor Blazevic and Linn Thant/Facebook

ကျဆုံးသွားသည့် ခေတ်အဆက်ဆက် အာဇာနည်များ၏ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့အတွက် ပေးဆပ်မှုအားလုံးကို လေးစားတန်ဘိုးထားသည့်အနေဖြင့် ဦးညွှတ် ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် ချက်ကိုဆလိုဗက်ကီးယား လွတ်မြောက်ရေး အတွက် အသက်ပေးခဲ့သည့် ဂျန်ပလာနှင့် ဂျန်ဇဂျစ် အမှတ်တရနေရာတွင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့၏ ဓါတ်ပုံများကို ထားပြီး ဖယောင်းတိုင်မီးထွန်းညှိကာ ဆုတောင်းခြင်းများ ကိုလည်း ပြုလုပ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

” ဒီနေ့မှာ ခင်မင်ရတဲ့ သူရဲကောင်းမိတ်ဆွေတွေကို လေးစားဦးညွှတ် အလေးပြုခဲ့ပါတယ်။ ဘဝတစ်လျောက်လုံး လွတ်လပ်မှု ရပိုင်ခွင့် တရားမျှတမှုနဲ့ ဒီမိုကရေစီရေးအတွက် ရဲရင့်မြဲမြံစွာ ရပ်တည်လှုပ်ရှားခဲ့ကြတဲ့ သူတို့တွေကို အထူးလေးစားမိပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေ အောင်မြင်သည်အထိ ဆက်လက်ချီတက်သွားဖို့လည်း သံဓိဌာန်ပြုခဲ့ပါတယ် ” ဟု အီဂေါက လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...