Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟေတီငလျင်ကြောင့် သေဆုံးသူ ၁၃၀၀ နီးပါးထိ ရှိလာ

ငလျင်ဟာ မြေမျက်နှာပြင်အောက် ၆ မိုင်လောက်အကွာ မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တဲ့ အတွက်လည်း မြေပြင်ပေါ်မှာ ထိခိုက် ပျက်စီးမှုတွေ ပိုမို ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေနဲ့ ရုပ်အလောင်းတွေကို လိုက်လံ ရှာဖွေနေကြဆဲပါ။

ဟေတီနိုင်ငံမှာ ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁၃၀၀ နီးပါးထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဩဂုတ် ၁၄ ရက်က မြို့တော် ပို့တ်အူပရင့်စ် အရှေ့ဖက် ၁၂၅ ကီလိုမီတာ အကွာလောက်ကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့တာပါ။ ဩဂုတ် ၁၅ ရက်မှာ ငလျင်ကြောင့် အသေအပျောက် စာရင်းကို ၃၀၀ ကျော်လို့ ကြေညာခဲ့ပေမယ့် နောက်ထပ် ၂၄ နာရီ အကြာမှာ သေဆုံးသူ ၁၂၉၇ ဦးထိ ရှိလာခဲ့ပါတယ်။ ဒဏ်ရာရသူ ဦးရေကတော့ ၅၇၀၀ ကျော် စာရင်းရထားပါတယ်။

ငလျင်ကြောင့် အိမ်ခြေ အဆောက်အအုံ ၁၄၀၀၀ ကျော် ပြိုကျသွားပြီး နောက်ထပ် ၁၄၀၀၀ နီးပါး ထိခိုက် ပျက်စီးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ကြောင့် ဆေးရုံတွေ၊ ဘဏ်တွေ၊ စက်ရုံတွေပါ ပြိုကျခဲ့ပါတယ်။ ဒါ့အပြင် လမ်းတွေပါ ပျက်စီးကုန်တာကြောင့် ဒေသတစ်ခုနဲ့ တစ်ခုကြား ကူးလူးသွားလာဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

ငလျင်ဟာ မြေမျက်နှာပြင်အောက် ၆ မိုင်လောက်အကွာ မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တဲ့ အတွက်လည်း မြေပြင်ပေါ်မှာ ထိခိုက် ပျက်စီးမှုတွေ ပိုမို ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက အပျက်အစီးပုံတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေနဲ့ ရုပ်အလောင်းတွေကို လိုက်လံ ရှာဖွေနေကြဆဲပါ။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၂၀၁၀ ပြည့်နှစ်က ကြုံခဲ့တဲ့ ငလျင်ကြီးလောက်တော့ ထိခိုက် ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။ ကုလသမဂ္ဂကလည်း ကနဦး စစ်ဆေးမှုတွေအရ အခုလှုပ်ခတ်သွားတဲ့ ငလျင်ဟာ မူလ မျှော်လင့်ထားတာထက် ဖျက်ဆီးအား လျော့နည်းခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဟေတီဟာ ကမ္ဘာ့အနောက်ခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကနေ ရုန်းထဖို့ ကြိုးစားနေရဆဲပါ။ အဲဒီတုန်းက ရစ်ချ်တာစကေး ၇.၀ အဆင့် ငလျင်ကြီးကြောင့် ဟေတီမှာ လူပေါင်း ၂၂၀၀၀၀ နဲ့ ၃၀၀၀၀၀ ကြားလောက်ထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။