Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မှာ အမျိုးသားကြီးတစ်ဦး ကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး နာရီပိုင်းအတွင်းသတ်ဖြတ်အလောင်းစွန့်ပစ်

လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။

ဓာတ်ပုံ − လောင်းလုံးမြို့နယ်လုံးဆိုင်ရာအကသသပိတ်ကော်မတီ
ဓာတ်ပုံ − လောင်းလုံးမြို့နယ်လုံးဆိုင်ရာအကသသပိတ်ကော်မတီ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးကို စစ်ကောင်စီတပ်က မနေ့က ညပိုင်း မှာဖမ်းဆီးသွားပြီး နာရီပိုင်းအကြာ လမ်းဘေးမှာ အလောင်းစွန့်ပစ်ထားတာကိုတွေ့ရှိရတယ်လို့ လောင်းလုံးမြို့နယ်လုံးဆိုင်ရာအကသသပိတ်ကော်မတီ ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

ထားဝယ်မြို့နယ် ၊ဘုမ္မော်ရပ်ကွက်မှာနေထိုင်တဲ့ ဦးစိုးမြင့် ကို မနေ့ က ညပိုင်း ၁၀ ခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။

အဲဒီနောက် ည ၁၁ နာရီလောက်မှာ နားထင်မှာ သေနတ်ဒဏ်ရာ ၊ မျက်နှာမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အလောင်းကိုထားဝယ်မြို့က ဇဟာလမ်းမကြီး လမ်းဘေးမှာစွန့်ပစ်ထားတာတွေ့ခဲ့ရတယ်လို့ ဒေသခံပြည်သူတစ်ဦးရဲ့ပြောပြချက် ကိုသတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြတာတွေ့ရပါတယ်။

လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။