Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီဂျစ် ခရစ်ယာန် ဘုရားကျောင်း မီးလောင်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ထိ များပြားလာ

အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုအားလုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

အီဂျစ် ခရစ်ယာန် ဘုရားကျောင်း မီးလောင်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ထိ များပြားလာ
အီဂျစ် ခရစ်ယာန် ဘုရားကျောင်း မီးလောင်မှုကြောင့် သေဆုံးသူ ၄၀ ကျော်ထိ များပြားလာ

အီဂျစ်နိုင်ငံက ခရစ်ယာန် ဘုရားကျောင်း မီးလောင်မှုမှာ သေဆုံးသူ ၄၀ ကျော်ထိ မြင့်တက်လာကြောင်း သိရပါတယ်။

ဩဂုတ် ၁၄ ရက်က ဂစ်ဇာမှာရှိတဲ့ ကော့ပ်တစ် အဘူ ဆီဖင် ဘုရားကျောင်းကြီးမှာ ဝါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်မှာ သေဆုံးသူ ၄၁ ဦးထိ စာရင်းရထားပြီး ဒဏ်ရာရသူ ဒါဇင်နဲ့ချီ များပြားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူ တော်တော်များများဟာ သွေးရူးသွေးတမ်း ပြေးလွှားကြရင်း တက်နင်းခံခဲ့ရတာပါ။ သေဆုံးသူတွေထဲမှာ ကလေးတွေလည်း ပါဝင်နေတယ်လို့ ကယ်ဆယ်ရေးတွေက အတည်ပြုပါတယ်။ အခင်းဖြစ်ချိန်က ဘုရားကျောင်းထဲမှာ ဝတ်ပြုသူ ၅၀၀၀ လောက်ထိ စုဝေးနေခဲ့တာပါ။

မီးလောင်ချိန်မှာ ဘုရားကျောင်း မုခ်ဦးဝ နေရာတစ်ခုကို ပိတ်မိသလို ဖြစ်နေတာကြောင့်လည်း လူတွေ ကြောက်လန့်တကြား စုပြုံတိုးဝှေ့ ပြေးလွှားတဲ့ အခြေအနေမျိုး ရောက်သွားခဲ့ပါတယ်။ ကနဦး ရရှိထားတဲ့ ဆေးရုံ မှတ်တမ်းတွေအရ သေဆုံးသူတွေထဲမှာ အသက် ၃ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ် ကလေး ၁၈ ဦး ပါဝင်နေတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားကျောင်းမှာ မီးပြတ်နေတော့ မီးစက်နှိုးခဲ့ကြောင်း၊ အဲဒီနောက် မီးပြန်လာတဲ့အခါ မီးအားလွန်ကဲပြီး ဝါယာရှော့ ဖြစ်ခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။ မီးလောင်နေပြီ ဆိုတာကို သိကြချိန်မှာ လှေကားတွေပေါ်ကနေ အလုအယက် ပြေးဆင်းရင်း ခြေချော် ပြုတ်ကျ သေဆုံးသူတွေ အများကြီး တွေ့ခဲ့တယ်လို့လည်း တခြား မျက်မြင်တစ်ယောက်က ဆိုပါတယ်။

သေဆုံးသူ အများစုဟာ ဘုရားကျောင်းရဲ့ အပေါ်ထပ်မှာ ရှိနေခဲ့ကြသူတွေပါ။ မြေညီထပ်က ဝတ်ပြုသူ အားလုံးလိုလိုကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ကြပါတယ်။ အီဂျစ် ရှေ့နေချုပ်ရုံးက မီးလောင်မှုနဲ့ ပတ်သက်လို့ ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းမယ့် ပညာရှင် အဖွဲ့တစ်ခု စေလွှတ်သွားမယ်လို့ ကြေညာပါတယ်။

အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖာတား အယ်လ်စီစီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစိုးရ အနေနဲ့ ဖြစ်နိုင်သမျှ ကူညီထောက်ပံ့မှုအားလုံး ပေးပို့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဂစ်ဇာဟာ ကိုင်ရိုမြို့တော်ကနေ နိုင်းလ်မြစ်ပဲခြားပြီး တည်ရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခု ဖြစ်ပါတယ်။ အီဂျစ်မှာ လူဦးရေ ၁၀၃ သန်းလောက် နေထိုင်တဲ့ထဲက ကော့ပ်တစ် ခရစ်ယာန် ဘာသာဝင် ၁၀ သန်းလောက် ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

သတင်း

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အီဂျစ် ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကဏ္ဍ မြှင့်တင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကာဂျစ္စတန် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။