Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီဂျစ်မှာ ကင်းမြီးကောက် စူးထိုးခံရလို့ ဆေးရုံရောက်သူ ၅၀၀ ကျော်ရှိ

အီဂျစ် ကျန်းမာရေးဝန်ကြီး ခါလစ်ဒ် အက်ဘ်ဒဲလ် ဂါဖာက ဒေသတွင်းမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေ အနေနဲ့ ကင်းမြီးကောက် အထိုးခံရတဲ့ လူနာတွေကို ကုသပေးဖို့ ဆေးဝါးပစ္စည်း စုံလင်အောင် ကြိုတင် စုဆောင်းထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အီဂျစ်နိုင်ငံ တောင်ပိုင်းမှာ ကင်းမြီးကောက်တွေ စူးနဲ့ထိုးတာ ခံရပြီး လူပေါင်း ၅၀၀ ကျော် ဆေးရုံရောက်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အက်စ်ဝမ် ဒေသမှာ ကင်းမြီးကောက် အထိုးခံရလို့ လူ ၃ ဦး သေပြီး ၅၀၀ ကျော် ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ အခုဆိုရင် ရာသီဥတု ဆိုးရွားမှုနဲ့ ကင်းမြီးကောက် အန္တရာယ်တွေကြောင့် ဒေသတွင်းမှာ ကျောင်းတွေကိုတောင် ယာယီ ပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။

အက်စ်ဝမ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ခဲ့ခြင်းက အဆိပ်ရှိတဲ့ တွင်းအောင်း အင်းဆက်ပိုးတွေကို မြေမျက်နှာပြင်ပေါ် ဒေါသတကြီး ထွက်လာစေခဲ့ပါတယ်။ မုန်တိုင်းဒဏ်က ပုန်းရှောင်ဖို့ ကြိုးစားတဲ့ ကင်းမြီးကောက်တွေဟာ လူနေအိမ်တွေထဲထိ ဝင်ရောက်လာရာက လူတွေကို တိုက်ခိုက်မိတာ ဖြစ်ပါတယ်။

အီဂျစ် နိုင်ငံဟာ အီဂျစ်မျိုးရင်း အမြီးတုတ် ကင်းမြီးကောက်တွေ အမြောက်အမြား ကျက်စားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အဲဒီမျိုးစိတ်ဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ကင်းမြီးကောက်တွေ စာရင်းမှာ ပါဝင်နေပါတယ်။ သူတို့ရဲ့ အမြီးက စူးနဲ့ ထိုးမိရင် လူတွေ၊ တိရစ္ဆာန်တွေ အကုန် အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်မျိုး ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အီဂျစ် ကျန်းမာရေးဝန်ကြီး ခါလစ်ဒ် အက်ဘ်ဒဲလ် ဂါဖာက ဒေသတွင်းမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေ အနေနဲ့ ကင်းမြီးကောက် အထိုးခံရတဲ့ လူနာတွေကို ကုသပေးဖို့ ဆေးဝါးပစ္စည်း စုံလင်အောင် ကြိုတင် စုဆောင်းထားသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

အက်စ်ဝမ်မှာ မိုးသည်းထန်ပြီး မိုးသီးတွေပါ ကျဆင်းနေတာကြောင့် နေအိမ် အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့သလို လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေပါ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နဲ့ အီဂျစ် လေတပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ Eagles of Civilization 2026 စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေ ပြီးဆုံးခဲ့ကြောင်း နှစ်နိုင်ငံ စစ်ဘက်က အသီးသီး ကြေညာခဲ့ပါတယ်။

သတင်း

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အီဂျစ် ခရီးစဉ်မှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဆက်ဆံရေးကဏ္ဍ မြှင့်တင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO)ရဲ့ ညီလာခံ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကာဂျစ္စတန် နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။