Connect with us

Hi, what are you looking for?

သတင်း

မုံရွာအခြေစိုက် PDF South Monywa အဖွဲ့အမည်ကို အသုံးပြုကာ ငွေလိမ်ကောက်ခံမှုများရှိနေ

People’s Defence Force – South Monywa သည် ရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများလက်ခံရရှိပါက ဂုဏ်ပြုမှတ်တမ်းလွှာများကို Page တွင် တရားဝင် ဖေါ်ပြပေးနေသည်။

မုံရွာအခြေစိုက် PDF South Monywa အဖွဲ့အမည်ကို အသုံးပြုကာ ငွေလိမ်ကောက်ခံမှုများရှိနေ
မုံရွာအခြေစိုက် PDF South Monywa အဖွဲ့အမည်ကို အသုံးပြုကာ ငွေလိမ်ကောက်ခံမှုများရှိနေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် People’s Defence Force – South Monywa အဖွဲ့အမည် အသုံးပြုကာ ငွေလိမ်ကောက်ခံမှုများရှိနေကြောင်း PDF South Monywaက အသိပေးသည်။

People’s Defence Force – South Monywa ၏ ဂုဏ်ပြုမှတ်တမ်းလွှာအား အတုပြုလုပ်ခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာအစစ်အား တနည်းနည်းဖြင့်ရရှိသွား၍ PDF – South Monywa နာမည်ခံပြီး ရန်ပုံငွေများ လိမ်လည်ကောက်ခံကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ထုတ်ပေးနေသည်ဟု ကြားသိရကြောင်း၊ လိမ်လည်ခံရသူများက Page နှင့် တာဝန်ရှိသူများအား ဆက်သွယ်ပြသတိုင်ကြားမှုများ ရှိနေကြောင်း PDF South Monywaက ပြောသည်။

People’s Defence Force – South Monywa သည် ရန်ပုံငွေနှင့် ထောက်ပံ့ပစ္စည်းများလက်ခံရရှိပါက ဂုဏ်ပြုမှတ်တမ်းလွှာများကို Page တွင် တရားဝင် ဖေါ်ပြပေးနေသည်။

Pageတွင် ဖေါ်ပြမထားသော ရန်ပုံငွေများနှင့် ထောက်ပံ့ပစ္စည်းများသည် People’s Defence Force – South Monywa သို့ ရောက်ရှိလာခြင်းမရှိသလို ထိုရန်ပုံငွေများနှင့် ထောက်ပံ့ပစ္စည်းများ ရယူသွားသောသူများမှာလည်း အဖွဲ့အစည်းမှ မဟုတ်ကြောင်း PDF South Monywaက ပြောသည်။

Public Service Announcement

Public Service Announcement

PDF South Monywa အဖွဲ့ တာဝန်ရှိသူက”ကျွန်တော်တို့အဖွဲ့နာမည်ကိုအသုံးပြုပြီး ပြည်သူတွေဆီမှာရော၊ ထောက်ပို့အဖွဲ့တွေဆီမှာပါ လိမ်လည်အလှူခံနေကြောင်းကြားရလို့ပါဗျ။ဂုဏ်ပြုမှတ်တမ်းလွှာ အတုတွေနဲ့ထုတ်ပေးပြီး လိမ်လည်နေတာတွေပါ ကြားသိနေရလို့ပါ။ကျွန်တော်တို့အဖွဲ့နာမည်နဲ့လာပြီး အလှူခံတဲ့သူတွေကို ကျွန်တော်တို့အဖွဲ့ရဲ့ တာဝန်ခံ၊ရဲဘော် ဟုတ်မဟုတ်ဆိုတာ Page messenger မှာလာရောက်မေးမြန်းပြီးမှ လှူဒါန်းပေးကြဖို့ရာကြေညာထားတာပါ။”ဟု ပြောကြားသည်။

သို့ဖြစ်၍ PDF – South Monywa သို့ ရန်ပုံငွေ ထည့်ဝင်ထောက်ပံ့ပေးမည်ဆိုပါက Page သို့ ဆက်သွယ်ပေးကြရန်နှင့် လိမ်လည်ခံရသူများအနေဖြင့် ဆက်သွယ်ပြောကြားပေးရန် PDF South Monywaက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။