Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် မုံရွာခရိုင်(ပကဖ) သတိ​ပေးထုတ်ပြန်

မုံရွာခရိုင်တွင် မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးဟူ၍ မြို့နယ်လေးမြို့နယ်ပါရှိရာ အရာတော်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သည့်ရွာ လေးရွာနှင့် မြို့ပေါ်ရပ်ကွက်သုံးခုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် မုံရွာခရိုင်(ပကဖ) သတိ​ပေးထုတ်ပြန်
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ရန် မုံရွာခရိုင်(ပကဖ) သတိ​ပေးထုတ်ပြန်

▪️ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အဆင့်ပြည်သူ့အုပ်ချုပ်ရေးယန္တရား အသက်သွင်းနေ

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ ချက်ချင်းနှုတ်ထွက်ကြရန် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ (ဇူလိုင် ၁၀)တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တရားမဝင် တာဝန်ထမ်းဆောင်နေသည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများအားလုံး ယနေ့မှစ၍ ၁၀ရက်အတွင်း မိမိ၏ရာထူးတာဝန်မှ စွန့်ခွာကြရန်၊ မိမိတာဝန်ကျရာနယ်မြေမှ စွန့်ခွာကြရန် ဖော်ပြသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရပ်ကွက်၊ ကျေးရွာမြို့နယ်နှင့် ခရိုင်အဆင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကိုဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ခရိုင်(ပကဖ‌)တွေကနေတဆင့် မြို့နယ်ကို ညွှန် ကြားချက်လာတာပါ။ ဒီစာက မုံရွာခရိုင် ၄မြို့ နယ်ကို လာတာပါ”ဟု မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာခရိုင်တွင် မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးဟူ၍ မြို့နယ်လေးမြို့နယ်ပါရှိရာ အရာတော်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သည့်ရွာ လေးရွာနှင့် မြို့ပေါ်ရပ်ကွက်သုံးခုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။

“ကျေးရွာတော်တော်များများမှာတော့ အုပ်ချုပ်ရေးမှူးခန့်ရင်တောင် မလုပ်ရဲကြဘဲ တော်လှန် ရေးအင်အားစုတွေမှာ ခံဝန်လာထိုးပြီး ပြေးကြတာများပါတယ်။ အခုဆို တော် လှန်ရေးအင် အားစုတွေက နယ်မြေစိုးမိုးနိုင်တဲ့ရွာတွေမှာ NUG နဲ့ ချိတ်ဆက်ပြီး ရပ်ကျေးပြည်သူ့အုပ် ချုပ်ရေးတွေ အသက်သွင်းနေပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ”ဟု အရာတော် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက ကိုယ်တိုင်ကာယကံမြောက်ပါဝင်ကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူလျက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါ အဝင်တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာအရေးယူသွားမည်ဟု သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။