Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့ဒီမိုကရေစီအရေးထောက်ခံပွဲ ပြုလုပ်

တောင်ကိုရီးယား နိုင်ငံရောက် မြန်မာများက အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံအားပေးရေး၊ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများကို လွှတ်ပေးရေး စာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - SMC
ဓာတ်ပုံ - SMC

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဘူတာတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်၍ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (သြဂုတ် ၂၁) ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် ဆိုးလ်မြို့ဘူတာရုံ အဝင်ပေါက်နှင့် လှေကားများပေါ်တွင် ယင်းဆန္ဒထုတ်ဖော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တောင်ကိုရီးယား ဒီမိုကရေစီအရေး လှုပ်ရှားမှု အဖွဲ့အစည်းများနှင့် ဆူဝမ် မြန်မာ အသင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြသည်။

ဓာတ်ပုံ - SMC
ဓာတ်ပုံ – SMC

တောင်ကိုရီးယား နိုင်ငံရောက် မြန်မာများက အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ထောက်ခံအားပေးရေး၊ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး၊ ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများကို လွှတ်ပေးရေး စာတန်းများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသား EPS အလုပ်သမားများ ပိုမိုကောင်းမွန်သော စနစ်ဖြစ်ပေါ်စေရေး၊ အလုပ်ရှင် အလုပ်သမား ခွဲခြားမှုမရှိဘဲ တန်တူ အခွင့်ရေး ရရှိစေရေး၊ လုပ်ငန်းခွင် အတွင်း အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်ရေး အတွက်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။