Connect with us

Hi, what are you looking for?

သတင်း

လေ​ကြောင်းမှ​ရောက်လာ​သောစစ်​ကောင်စီတပ်အားPRAတိုက်ခိုက် ၁ ဦး​သေ၊ ၂ ဦးဒဏ်ရာရ

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

(PRA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PRA)
(PRA တပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-PRA)

ပုလဲ နှင့် မြိုင်ဒေသအစပ်သို့ စစ်​လေယာဥ်များဖြင့်အင်အားဖြည့်တင်နေသော စစ်ကောင်စီတပ်အားလက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် -PRA က ယနေ့(သြဂုတ် ၂၂ ရက်)တွင်ထုတ်ပြန်သည်။

သြဂုတ်လ ၂၀ ရက်မှစ၍ PRA၏လှုပ်ရှားနယ်မြေဖြစ်​သောစစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှင့် မကွေးတိုင်းမြိုင်မြို့နယ်အစပ်သို့စစ်ကောင်စီကလေယာဉ် (၄)စီးဖြင့်အင်အား ၁၀၀ ကျော်ချ၍ စစ်ကြောင်း ထိုးခဲ့သည်ဟု PRA ​ခေါင်း​ဆောင်ဗိုလ်ဂျပန်က​ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့(သြဂုတ် ၂၁ ရက်) နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဥ်ပေါ်မှ ဆင်းလာသောစစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့ နှင့် မြိုင်မြို့ နယ်အစပ်များမှကျေးရွာ၈ရွာထက်မနည်း စစ်ဘေးရှောင်နေရပြီး လူဦးရေ (၄,၀၀၀) ခန့် ကို ဆေး နှင့် စားစရာများ တတ်နိုင်သလောက် ကူညီပေးနေသည်ဟုလည်း PRA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။