Connect with us

Hi, what are you looking for?

သတင်း

မြိုင်ဒေသခံများက ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် လက်ဝတ်ရတနာများ ချွတ်လှူ

နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။

ဓာတ်ပုံ - BEGSC
ဓာတ်ပုံ - BEGSC

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယမန်နေ့ (သြဂုတ် ၆) စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းအပြီး ဒေသခံပြည်သူများက ငွေသားများအပြင် ၎င်းတို့ ဝတ်ဆင်လာကြသော ရွှေနားဆွဲ၊ ရွှေနားကပ်၊ ရွှေလက်စွပ်နှင့် ရွှေကလစ်များကိုပါ ချွတ်၍ ကျေးရွာကာကွယ်ရေးအဖွဲ့အတွက် ကူညီထောက်ပံ့လှူဒါန်းခဲ့ကြသည်။

နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။

“အကြမ်းဖက်စစ်အုပ်စုက ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူလူထုကို ကြောက်စိတ်ဝင်လာရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည့်ကြားကပင် စစ်မှန်သော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ နိုင်ရာတာဝန်ထမ်းပြီး သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေကြသော ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်ုပ်တို့ ကော်မတီမှ လေးလေးစား ဦးညွတ်ဂါရဝပြုအပ်ပါသည် ” ဟု BEGSC က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။