Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့အလုပ်ထုတ်ခံရ၍ စက်ရုံပိုင်ရှင်အား တရားစွဲဆိုရန် ပြင်ဆင်နေ

ယင်းစက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများသည် ပန်းရောင်ကတ်ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ရာ လုပ်သက်ပြည့် ဝန်ထမ်းများလည်း ဖြစ်သည်ဟု ဆိုသည်။

အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB
အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB

ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး စက်ချုပ်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော်ကို အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုခဲ့ပြီး ယင်းစက်ရုံပိုင်ရှင်ကို တရားစွဲဆိုရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း အဆိုပါစက်ရုံလုပ်သားများအရေး ကူညီပေးနေသည့် ကိုရဲမင်း(AAC မဟာမိတ်)က ပြောသည်။

အဆိုပါ စက်ရုံအလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၃ဦး အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်း ဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။

အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB
အလုပ်ထုတ်ခံရမှုကြောင့် ဆန္ဒပြတောင်းဆိုနေသော မြန်မာလုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ- Ye Min/FB

ယင်းစက်ရုံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများသည် ပန်းရောင်ကတ်ကိုင်ဆောင်ပြီး တရားဝင် အလုပ်လုပ်ကိုင်နေသူများဖြစ်ရာ လုပ်သက်ပြည့် ဝန်ထမ်းများလည်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စက်ရုံပိုင်ရှင်က နစ်နာကြေးပေးဆောင်ခြင်းမရှိဘဲ အလုပ်မှထုတ်ပယ်ခြင်းကြောင့် မြန်မာလုပ်သားများက တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟုလည်း ကိုရဲမင်းက ပြောသည်။

Public Service Announcement

Public Service Announcement

” MoU နဲ့ လူသစ်တွေလာမှာမို့ သပ်သပ်မဲအလုပ်ထုတ်တာ။ နစ်နာ‌ကြေးလည်း တစ်ယောက်ကို ဘတ်တစ်သောင်းပေးရမှာ ဘတ်၂နှစ်ထောင်ပဲ ပေးတယ်။ အဲဒါကြောင့် ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ ဆောင်ရွက်နေတယ်”ဟု ၎င်းက ပြောသည်။

ယမန်နေ့တွင် အဆိုပါ စက်ရုံလုပ်သားများက စက်ရုံ‌ရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အလုပ်ထုတ်ခံရသည့် လုပ်သားများအရေး ထိုင်းအာဏာပိုင်များနှင့် ချိတ်ဆက်ကူညီပေးနေကြောင်းလည်း ကိုရဲမင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

သတင်း

တရုတ်စက်ရုံပိုင်ရှင်က ရဲတပ်ဖွဲ့ငွေပေးပြီး မြန်မာလုပ်သားတွေ ဖမ်းဆီးခိုင်းထားဟုဆို

နိုင်ငံတကာ

အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်နှစ် ငွေကြေးသုံးစွဲမှုဟာ ဘတ်ငွေ ၂၂၁ ဘီလီယံလောက်ထိ များပြားနေကြောင်း စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။