Connect with us

Hi, what are you looking for?

သတင်း

အဖွားအိုပေးတဲ့နားကပ်နဲ့ သေနတ်၀ယ်ဖို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊တပ်ရင်း (၇၁၀) ရဲဘော်တွေ ကံစမ်းမဲရောင်း

စက်တင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ အဲဒီကံစမ်းမဲကမ်းပိန်းဟာ လက်မှတ်တစ်စောင် ကျပ်တစ်သောင်း၊ ထိုင်းဘတ် ၂၀၀၊ စင်ကာပူ ၅ဒေါ်လာ၊ အမေရိကန် ၅ ဒေါ်လာ၊ ကိုရီးယား၀မ် တစ် သောင်း သတ်မှတ်ထားပါတယ်။

အဖွားအိုပေးတဲ့နားကပ်နဲ့ သေနတ်၀ယ်ဖို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊တပ်ရင်း (၇၁၀) ရဲဘော်တွေ ကံစမ်းမဲရောင်း
အဖွားအိုပေးတဲ့နားကပ်နဲ့ သေနတ်၀ယ်ဖို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊တပ်ရင်း (၇၁၀) ရဲဘော်တွေ ကံစမ်းမဲရောင်း

မကွေးတိုင်း ပခုက္ကူခရိုင်ထဲက အဖွားအိုတစ်ဦးဟာ သူမရဲ့ရှေးဟောင်းနားကပ်တစ်ရံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ လက်နက်၀ယ်ယူရေးအတွက် ပါ၀င်လှူဒါန်းခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဒေသ တပ်မဟာ (၇)၊ တပ်ရင်း (၇၁၀) တပ်ခွဲ – ၁ တပ်ခွဲမှူး Black က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက အဲဒီဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပြီး လက်နက်မပြည့်စုံတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ ရှောင်တိမ်းရင်း အဖွားအိုနေထိုင်တဲ့ရွာကို ရောက်ရှိသွားခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခက်အခဲကို သိရှိသွားတဲ့ အဖွားအိုဟာ လက်နက်တစ်လက်စာပေးဖို့ ငွေကြေးမရှိတာကြောင့် သူမပိုင်ဆိုင်တဲ့ ရှေး ဟောင်းနားကပ်တစ်ရံကို ရဲဘော်တွေကို ပေးအပ်ခဲ့တယ်လို့ တပ်ခွဲမှူး Black က ပြောပါတယ်။

“သေနတ်တစ်လက်စာကြီးတော့ အဖွားက မတတ်နိုင်ဘူး။ ဒီနားကပ် လေးတော့ အဖွားပေးနိုင်တယ်ဆိုပြီး ဒီအတိုင်းပဲပေးလိုက်တာ။ ကျွန်တော်လည်း အားကိုးစရာပြည်သူပဲ ရှိတာမို့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကနေ ကျွန်တော်တို့ မဲလက်မှတ်လေးတွေကို ၀ယ်ယူပြီးတော့မှ ကျွန်တော်တို့ တပ်ခွဲအတွက် ကူညီစေချင်ပါတယ်။ ပြည်သူတွေခက်ခဲနေမှန်းသိပေမယ့် ဆက်လက်ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ တပ်ခွဲမှူးက ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်ကစတင်ခဲ့တဲ့ အဲဒီကံစမ်းမဲကမ်းပိန်းဟာ လက်မှတ်တစ်စောင် ကျပ်တစ်သောင်း၊ ထိုင်းဘတ် ၂၀၀၊ စင်ကာပူ ၅ဒေါ်လာ၊ အမေရိကန် ၅ ဒေါ်လာ၊ ကိုရီးယား၀မ် တစ် သောင်း သတ်မှတ်ထားပါတယ်။ ကမ်းပိန်းကို လာမယ့် စက်တင်ဘာ ၂၁ ရက်နောက်ဆုံးထားပါ၀င်နိုင်ပြီး အနောက်ပိုင်းတိုင်း တပ်မဟာ (၇) တပ်ရင်း (၇၁၀) အမည်နဲ့ ဖေ့ဘွတ် စာမျက်နှာ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်သွယ်လှူဒါန်းလိုပါက၎င်းတို့အဖွဲ့၏ (https://www.facebook.com/100568282713190/) သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။