အောက်တိုဘာ-၂၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊တိုင်းပကဖဦးစီးအဖွဲ့က ရှေ့တန်းရောက်ရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးသလိုနွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကိုလည်း ဂုဏ်ပြု ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
အောက်တိုဘာလ၂၅ရက်မှာရှေ့တန်းရောက်ကာကွယ်ရေးရဲဘော်တွေကို သီတင်းကျွတ်မုန့်ဖိုးပေးခဲ့တာလို့ စစ်ကိုင်းတိုင်းထဲက ပကဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဘတ်ဂျက်အနေအထားအရ ရဲဘော်တိုင်းကိုတော့ ပေးအပ်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါအပြင် ခင်ဦးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲကမြို့နယ်အများစုမှာလည်း နွေဦးတော်လှန်ရေးအတွင်းကျဆုံး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ပကဖ ကဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရပါတယ်။

Public Service Announcement
ခင်ဦးမြို့နယ်ပကဖကလည်း တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို သီတင်းကျွတ်လပြည့်အကြို အခါသမယမှာ ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ငွေများ (၁၈)ကြိမ် မြောက် ပေးအပ်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုလည်း ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းဟာ လူထုခုခံတိုက်ပွဲအားအကောင်းဆုံးတိုင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထိန်းချုပ် ဒေသအများအပြားရှိနေပါတယ်။ လက်ရှိမှာလည်း အင်းတော်၊ကသာ၊ဝန်းသို၊ထီးချိုင့်မြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီး ရွှေဘိုနဲ့ယင်းမာပင်ခရိုင်ထဲကမြို့နယ်တွေမှာလည်း စစ်တပ်စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။



















































